ပြောင်းလဲမှုပုံစံအသစ်တွေနဲ့စတင်ကျင်းပခဲ့တဲ့ဆူဇူကီးဖလားပြိုင်ပွဲကတော့ဆီမီးဖိုင်နယ်ပွဲစဉ်တွေကိုရောက်ရှိခဲ့ပါပြီ။အုပ်စုပွဲတွေကအစအိမ်ကွင်းအဝေးကွင်းစနစ်နဲ့စတင်ကျင်းပခဲ့ပြီးပွဲစဉ်တိုင်းမှာပရိတ်သတ်တွေကွင်းလုံးပြည့်နဲ့အောင်မြင်ခဲ့တာပါ။မိမိနိုင်ငံအသင်းဆီမီးဖိုင်နယ်တက်ဖို့အိမ်ကွင်းပွဲစဉ်တွေသာမကအဝေးကွင်းပွဲစဉ်တွေထိပါလိုက်လံအားပေးခဲ့ကြတာပါ။

ကျွန်တော်တို့မြန်မာအသင်းကလည်းအိမ်ကွင်းပွဲစဉ်နှစ်ပွဲကိုရန်ကုန်မြို့နဲ့မန္တလေးမြို့မှာလက်ခံကျင်းပခဲ့တာပါ.အိမ်ကွင်းပွဲစဉ်နှစ်ပွဲမှာပရိတ်သတ်တွေကတော့ကွင်းလုံးပြည့်နီးပါးလာရောက်အားပေးခဲ့ကြပြီးမလေးရှားအသင်းနဲ့အဝေးကွင်းပွဲစဉ်မှာလည်းပရိတ်သတ်၃၀၀၀လာရောက်အားပေးခဲ့ကြတာပါ.ဒီနှစ်ဆူဇူကီးပြိုင်ပွဲမှာတော့မြန်မာပရိသတ်တွေရဲ့စည်းကမ်းရှိမှုတွေကြောင့်နိုင်ငံတစ်ကာမီဒီယာတွေရဲ့ချီးကျူးခြင်းကိုခံခဲ့ရပါတယ်။ 

ဒီနှစ်ဆူဇူကီးဖလားပြိုင်ပွဲဟာပရိတ်သတ်အားပေးမှုကြမ်းတာကြောင့်နိုင်ငံတစ်ကာမီဒီယာတွေရဲ့စိတ်ဝင်စားခြင်းကိုခံရတာပါ။အုပ်စုပွဲတစ်လျောက်မှာလည်းပရိတ်သတ်အများဆုံးအဖြစ်မလေးရှားအသင်းနဲ့မြန်မာအသင်းတို့ပွဲကတော့ပရိတ်သတ်၈သောင်းလာရောက်အားပေးခဲ့ကြတာပါ။မြန်မာပရိတ်သတ်တွေကလည်းနိုင်ငံတစ်ကာမီဒီယာကနေဖော်ပြတဲ့အားပေးမှုအများဆုံးမှာအဆင့်၄နေရာရပ်တည်နေပါတယ်။

SOURCE:For Sport Asia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။