တကယ်ကိုထူးဆန်းတဲ့ကိစ္စပါဗျ။ စဉ်းစားကြည့်လူတွေနေတဲ့ ကမ္ဘာထဲမှာမကောင်းဆိုးဝါးတစ်ကောင်ရေးထားတဲ့စာအုပ်တစ်အုပ်ရှိနေတယ်ဆိုတာ...။ တကယ်ရှိပါတယ်။အခုတော့ ဒီစာအုပ်ကိုဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာရှိတဲ့ အမျိုးသားစားကြည့်တိုက်မှာ ပြသထားပါတယ်။ စာအုပ်ကြီးရဲ့အလေးချိန်ဟာ ၇၅ကီလို (၁၆၅ပေါင်)လေးတဲ့အတွက် အားကောင်းမောင်းသန်ယောက်ျားကြီးနှစ်ယောက်လောက်ဝိုင်းမရပါတယ်။ စာအုပ်ထဲမှာ မကောင်းဆိုးဝါးနိုင်တဲ့ဂါထာတွေနဲ့ ရောဂါဘယဖြစ်စေတဲ့မန္တာန်တွေပါသတဲ့ဗျ။

ဒီစာအုပ်ကို အစပြုခဲ့တဲ့ သူကတော့ချက်သမ္မတနိုင်ငံက ပိုလာဇိုက်စ်ဘုရားကျောင်းမှာသီတင်းသုံးခဲ့တဲ့ ခရစ်ရှန်ဘုန်းတော်ကြီးတစ်ယောက်ပဲဗျ။သူဟာကြီးလေးတဲ့ပြစ်မှုကိုကျူးလွန်မိခဲ့တဲ့အတွက်အရှင်လတ်လတ် တိုက်ပိတ်သတ်ခံရတဲ့သူပေါ့။ အဲ့နောက်မှာသူဆုံးဖြတ်ချက်တစ်ခုချခဲ့ပါတယ်။ ဒါကတော့ဒီမကောင်ဆိုးဝါးစာအုပ်ကြီးကို တစ်ညတည်းအပြီးရေးဖို့ပါ။ တကယ်လည်းပြီးခဲ့ပါတယ်။ ဒါပေမယ့်မနက်လည်းရောက်ရော ပိတ်ထားတဲ့ တိုက်ခန်းတဲ့မှာသူအလောင်းနဲ့ ဒီစာအုပ်ကြီးကိုတွေခဲ့ရတာပါ။

သူဟာမကောင်းဆိုးဝါးတစ်ကောင်အကူအညီနဲ့ ရေးခဲ့တယ်ဆိုတာကို သူအလောင်းနားမှာရှိတဲ့အထောက်အထားတွေအရသိရပါတယ်။ အစောင့်တွေအထပ်ထပ်ချထားပြီးလူသူမဝင်နိုင်တဲ့တိုက်ခန်းထဲကို ဖြတ်ဝင်လာဖို့ဆိုတာ မကောင်းဆိုးဝါးမဟုတ်ရင်တောင် အစွမ်းရှိတဲ့သတ္တဝါတစ်ကောင်ကောင်ဖြစ်ပါလိမ့်မယ်လို့ဆိုကြပါတယ်။ ဒီစာအုပ်ကြီးပြီးဖို့သူ့အသက်နဲ့ အလဲအလှယ်လှယ်လုပ်ခဲ့တဲ့ပုံပါပဲ။ ဒါပေမယ့် သိုလော သိုလောဖြစ်နေတဲ့စိတ်ကိုပျောက်အောင် စာအုပ်ကြီးရဲ့တစ်နေရာမှာ ကျေးဇူးရှင် မကောင်းဆိုးဝါးကောင်ကြီးရဲ့ပုံကိုရေးဆွဲထားခဲ့ပါတယ်။ ကဲ ပရိတ်သတ်ကြီးလည်းမြင်ရတွေ့ရအောင် ပြန်လည်မျှဝေပေးလိုက်ပါမယ်နော်။

Source : Codex Gigas

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။