အသက် ၇၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ငယ်ဖြူ ဘုန်းကြီးက ကျင့်တာဖြစ်ပါတယ် ... စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ကနဲအုပ်စု၊ ကျွန်းဖျားကျေးရွာမှာနေထိုင်တဲ့ သီရိမင်္ဂလာ ကျောင်းထိုင်ဆရာတော်က အသက် ၈ နှစ်အရွယ်မိန်းကလေးကို ကျူးလွန်ခဲ့တာပါ ... ကျောင်းထိုင်ဆရာတော် အမည်က ဦးစန္ဒာဝရ ဖြစ်ပြီး အသက် ၇၅ နှစ်၊ ဝါ ၄၀ ရှိပါပြီ ။

ထိုကဲ့သို့ ကျူးလွန်နေခဲ့တာ နှစ်လလောက်ရှိနေပြီဖြစ်ပြီး ကလေးကခုမှထုတ်ဖော်ပြောပြတာလို့သိရပါတယ် ။ ထိုအမှုနဲ့ ပါတ်သတ်လို့ ကလေးရဲ့ မိခင်ဖြစ်သူက ကနီမြို့မရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့တာပါ ။ ရဲစခန်းက ကလေးကိုဆေးစစ်ချက်အဖြေယူပြီးနောက် ကျောင်းထိုင်ဆရာတော်ကို မြို့နယ် လဝက၊ သာသနာရေးဦးစီးဌာန၊ သံဃာနာယကအဖွဲ့ဝင် ဆရာတော် ၂ ပါးတို့ရှေ့မှာ လူဝတ်လဲဖမ်းဆီးခဲ့ပါတယ် ။ ယခုလက်ရှိမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ ကနီမြို့မရဲစခန်းက သိရပါတယ်။

ှSource : Dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။