မြန်မာ့လက်ရွေးစင်အသင်းရဲ့အဓိကတိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့အောင်သူကိုတော့J League1ကလပ်တစ်သင်းဖြစ်တဲ့ Consadole Sapporoအသင်းကခေါ်ယူရန်စိတ်ဝင်စားနေတယ်လို့ထိုင်းသတင်းစာတွေကဖော်ပြနေပါတယ်။အောင်သူကတော့လက်ရှိမှာထိုင်းပရီးမီးယားလိဒ်ကလပ်ဖြစ်တဲ့Police Teroအသင်းနဲ့စာချုပ်ပြည့်သွားတာဖြစ်ပါတယ်။

အောင်သူ့ကိုခေါ်ယူဖို့ထိုင်းသိပ်သီးကလပ်တွေကလည်းစိတ်ဝင်စားနေတာဖြစ်ပါတယ်။အောင်သူကတော့မနှစ်ကPolice Teroအသင်းမှာခြေစွမ်းပြဂိုးတွေသွင်းယူနိုင်တာကြောင့်တစ်ခြားထိပ်သီးလိဒ်ရဲ့ကလပ်အသင်းတွေကစောင့်ကြည့်နေကြတာဖြစ်ပါတယ်။အောင်သူကတော့အစောပိုင်းမှာအသင်းပြောင်းဖို့သတင်းတွေထွက်ခဲ့ပေမယ့်ဆူဇူကီးပြိုင်ပွဲရှိတာကြောင့်ငြိမ်နေခဲ့တာပါ။

ဆူဇူကီးပြိုင်ပွဲမှာလည်းမြန်မာအသင်းအတွက်ခြေစွမ်းပြပြီးဂိုးတွေသွင်းယူနိုင်တာကြောင့်နာမည်ကြီးအာရှကလပ်တွေကခေါ်ယူဖို့ကြိုးစားလာကြတာပါ။ဂျပန်လိဒ်ကိုသာပြောင်းရွေ့နိုင်ခဲ့ရင်တော့အာရှထိပ်သီးနိုင်ငံတွေရဲ့လိဒ်မှာပထမဆုံးသွားကစားတဲ့ကစားသမားဖြစ်လာမှာပါ။နိုင်ငံဂုဏ်ဆောင်ပြီးဂျပန်လိဒ်ကိုပြောင်းရွေ့နိုင်မလားဆိုတာတော့ဆက်လက်စောင့်မျှော်ဖို့ပြောရင်းနဲ့အားပေးကြပါဦးနော်။

SOURCE:Siamsport

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။