ဒီဇာတ်လမ်းကတော့ အမေရိကန်နိုင်ငံ ပင်ဆယ်ဗီးနီးယားပြည်နယ် အော်တူးနာမြို့မှာ ရှိတဲ့ဘိတ်ကာရဲတိုက် ကနေအစပြုခဲ့တာပါ။ ပိုင်ရှင်ကတော့အယ်လိစ်ဘိတ်ကာ ဖြစ်ပြီးတော့သူမရဲ့သမီးကတော့ အန်နာပါ။ သူဋ္ဌေးကြီးအယ်လိစ်ဟာ ဒီရဲတိုက်ကြီးအတွက် ပိုက်ဆံအကုန်အကျအများကြီးခံပြီးတည်ဆောက်ခဲ့ပါတယ်။ သူရှာသမျှကသူ့မိသားစုအတွက်လို့ခံယူထားပြီး သူ့သမီးကိုလည်း သူဋ္ဌေးသူကြွယ်တစ်ဦးနဲ့လက်ဆက်ပေးချင်ခဲ့ပါတယ်။ 

ဒါပေမယ့် သူမဟာ သူမအဖေပိုင်တဲ့ သံရည်ကျိုစက်ရုံမှာ အလုပ်လုပ်တဲ့ အလုပ်သမားလေးနဲ့ချစ်ကြိုက်ပါလေရော။ အဖေကလည်းတား။သမီးကလည်းတစ်ဇွတ်ထိုးလုပ်နဲ့ပေါ့။ ဘယ်လောက်တောင်လဲဆိုရင် အဲ့ဒီကောင်လေးနဲ့လက်ထပ်ရင်ဝတ်ဖို့အတွက်သတို့သမီး ဝတ်စုံလေးကိုတောင်ကြိုချုပ်ခဲ့ပါသတဲ့။ အဲ့နောက် သူဋ္ဌေးကြီးကကောင်လေးကိုအကြောင်းမရှိအကြောင်းရှာအလုပ်ထုတ်လိုက်တယ်။ သူရဲ့သမီးက ချစ်သူနဲ့ရှင်ကွဲကွဲရတော့ စိတ်ထောင်းကိုယ်ကျေဖြစ်ခဲ့ရပြီး သူဋ္ဌေးကြီးလည်း စီးပွားရေးကောင်းကောင်းမလုပ်နိုင်တော့ စီးပွားရေးတွေကျပြီး (၁၈၆၄)ခုနှစ်မှာကွယ်လွန်သွားခဲ့ပါတယ်။သူမလည်း သူမချစ်သူကိုရှာရင်း(၁၉၁၄)မှာကွယ်လွန်သွားခဲ့ရပါတယ်။

အဲ့နောက်မှာသူမတို့ရဲ့အိမ်တော်ကို လူထုပြတိုက်အဖြစ်ထားလိုက်ပြီး ရတနာတွေစီခြယ်ထားတဲ့ သတို့သမီးဝတ်စုံကိုတော့အက်ဒ်ဝပ်ဘဲလ်ဆိုတဲ့သူဋ္ဌေးကြီးတစ်ဦးက သူရဲ့သမီးအတွက် ဈေးကြီးပေးဝယ်ယူသွားခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီဝတ်စုံရတဲ့နေ့ကစပြီး သရဲတွေခြောက်ခံခဲ့ရတာ သေလုမြောပါးပါပဲတဲ့ဗျာ။ ဒါနဲ့ပဲ သူ့ဖခင်ဟာ အဲ့ဒီသတို့သမီးဝတ်စုံကို ဘိတ်ကာပြတိုက်ကိုပြန်လှူခဲ့ပါတယ်။ ဒါပေမယ့် လေမတိုက်ဘာမတိုက်တဲ့အလုံပိတ်အခန်းထဲမှာ လူးလွန့်လှုပ်ရှားနေတဲ့ သတို့သမီးဝတ်စုံကို တာဝန်ကျတဲ့အစောင့်တစ်ယောက်ဟာ အမှတ်မထင်တွေ့ခဲ့ရပြန်ပါတယ်။ အဲ့နောက်မှာတော့ ဒီသတို့သမီးဝတ်စုံကိုမှန်ဘောင်ထဲထည့်သော့ခတ်ပြီး ပြသခဲ့ရပါသတဲ့။ ဒါပေမယ့်မပူပါနဲ့ ခြောက်တဲ့သရဲကတစ်ကောင်တည်း မဟုတ်ဘဲတစ်မိသားစုလုံးဆိုတာကို ခနခနတွေ့ရတဲ့ အစောင့်တွေ လူတွေအများကြီးရှိခဲ့ပါသတဲ့။

Source : Baker Mansion 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။