တရုတ်ကုမ္ပဏီ Polymaker နဲ့ အီတလီအခြေစိုက် ကားကုမ္ပဏီ X Electrical Vehicle (XEV) တို့က ထုတ်လုပ်ထားတဲ့ Smart အရွယ် LSEV ဟာ ကားတစ်စီးလုံးနီးပါးကို 3D printing နည်းပညာသုံးပြီး ဖန်တီးခဲ့ပါတယ်။ အဆိုပါကားရဲ့ အောက်ပိုင်း ဘော်ဒီ ၊ လေကာမှန်နဲ့ တာယာတွေကို သာမန်ပုံစံမျိုးနဲ့ ထုတ်လုပ်ထားပြီး ကျန်တဲ့ အစိတ်အပိုင်းတွေကိုတော့ 3D နည်းပညာသုံးပြီး ဖန်တီးထားတာပဲ ဖြစ်ပါတယ်။  

အဆိုပါကားဟာ တစ်နာရီကို ၉၃မိုင်အထိမောင်းနှင်နိုင်ပြီး အမြင့်ဆုံးအမြန်နှုန်းကတော့ တစ်နာရီကို ၄၃မိုင်ပဲ ဖြစ်ပါတယ်။ LSEV လို့ နာမည်ပေးထားတဲ့ ဒီကားကို ရှန်ဟိုင်းမြို့က China 3D-printing Culture Museum မှာ ပြသထားပြီး မကြာမီ ကျင်းပမယ့် ဘေဂျင်း နည်းပညာပြပွဲမှာ ထည့်သွင်းပြမှာဖြစ်တယ်လို့လည်း သိရပါတယ်။  

ထိုကားရဲ့ ရှေ့ပြေးပုံစံကို ဖန်တီးခဲ့ရာမှာ အချိန် ၃ရက် ကြာမြင့်ခဲ့ပြီး ဈေးကွက်အတွင်း တစ်နှစ်ကို ကားအစီးရေ ၅၀၀နီးပါး ထုတ်လုပ်နိုင်မယ်လို့ ပြောပြထားပါတယ်။ LSEV ကားတွေကို ၂၀၁၉ခုနှစ်မှာ စတင်ရောင်းချပေးသွားမှာ ဖြစ်ပြီး ဒေါ်လာ ၁၀၀၀၀ ဝန်းကျင်ခန့် ရှိပါတယ်။ 

Source : Internet Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။