OPPO ၏ Second Brand အဖြစ် မိုဘိုင်းလောကတွင်ပေါ်ထွက်လာခဲ့သည့် Realme အမှတ်တံဆိပ်သည် ၎င်းတို့၏ပထမဆုံးထုတ်ကုန်ဖြစ်သော Realme 1 ကို အိန္ဒိယနိုင်ငံတွင် ၂ဝ၁၈ မေလ ၁၆ရက်တွင်စတင်မိတ်ဆက်ပေးခဲ့ပြီးနောက် Amazon ၏ Best Seller စာရင်းဝင်ဖုန်းဖြစ်လာခဲ့ကာ အမြင့်ဆုံးရမှတ် 5 တွင် 4.5 အထိ ရယူနိုင်ခဲ့သည်။ ထို့နောက်တွင် Realme 2 ကို သြဂုတ်လ၂၆တွင်ဆက်လက်မိတ်ဆက်ပေးခဲ့ကာ အိန္ဒိယနိုင်ငံ၏ အွန်လိုင်းအရောင်းပလပ်ဖောင်းဖြစ်သော Flipkart တွင် ၅မိနစ်အတွင်း အလုံးရေ ၂ဝဝ,ဝဝဝ အထိ ရောင်းချခဲ့ရသလို အဆိုပါ ပလပ်ဖောင်း၏ မိုဘိုင်းကဏ္ဍအတွက်ရောင်းအကေင်းဆုံးစံချိန်ကိုပါ ချိုးဖျက်နိုင်ခဲ့ပါတယ်။

စက်တင်ဘာ ၂၇ရက်တွင် Realme အနေဖြင့် ၎င်းတို့၏ထုတ်ကုန်သစ်များဖြစ်ကြသည့် Realme 2 Pro နှင့် Realme C1 တို့ကို တရားဝင်မိတ်ဆက်ပေးခဲ့သလို Realme အမှတ်တံဆိပ်ကိုစတင်တည်ထောင်ခဲ့ပြီးနောက် ၄လအကြာတွင် royal user အရေအတွက်မှာ ၁သန်းကျော်အထိရောက်ရှိလာခဲ့ပါတယ်။ ထို့အပြင် ၂ဝ၁၈ အောက်တိုဘာလအတွင်းတွင် Realme မှာ အိန္ဒိယနိုင်ငံ၏ အွန်လိုင်းဈေးရောင်းပွဲတော်ဖြစ်သော Indian E-Commerce Festival တွင် အချိန်၁၂နာရီအတွင်းမှာပင် ဖုန်းအလုံး ၇သိန်းရောင်းချရသည့်စံချိန်ကိုရ ယူနိုင်ခဲ့ပါတယ်။

Realme အနေဖြင့် အိန္ဒိယဈေးကွက်အပြင် အခြားသောဈေးကွက်များသို့ပါဆက်လက်ထိုးဖောက်ဝင်ရောက်

လျက်ရှိရာ ၂ဝ၁၈ အောက်တိုဘာလအတွင်းမှာပင် အင်ဒိုနီးရှားနှင့် ဗီယက်နမ်ဈေးကွက်များသို့တရားဝင် ဝင်ရောက်နေရာယူနိုင်ခဲ့သည်။ အင်ဒိုနီးရှားဈေးကွက်တွင်လည်း Realme အနေဖြင့် အရှေ့တောင်အာရှာ၏ အကြီးမားဆုံးအွန်လိုင်းအရောင်းအဖွဲ့အစည်းဖြစ်သော Lazada နှင့် လက်တွဲပူးပေါင်းကာ ပထမဆုံးစတင်ရောင်းချပေးသည့် Realme 2 ထုတ်ကုန်မှာ အဆိုပါပလပ်ဖောင်း၏ ရောင်းအားစံချိန်ကို ချိုး ဖျက်နိုင်ခဲ့ပါတယ်။ ဆက်လက်၍ Realme 2 Pro ၏ရောင်းအားမှာလည်း အင်ဒိုနီးရှားငွေ (ရူပီယာ) ၃၃ဘီလီယံအထိ ၃မိနစ်အတွင်းမှာပင်ရောင်းချကာ နောက်ထပ်စံချိန်ကောင်းများကိုဆက်လက်ရယူနိုင်ခဲ့ပါတယ်။

ထို့အပြင် Realme အမှတ်တံဆိပ်ကိုစတင်မိတ်ဆက်လိုက်သည့် ၆လအတွင်းမှာပင် နောက်ထပ်ဈေးကွက်သစ်များဖြစ်ကြသည့် မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံတို့တွင်ပါ အသီးသီးမိတ်ဆက်မှုများပြုလုပ်ကာ တရားဝင် ဝင်ရောက်ခဲ့ကြပါတယ်။ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အင်ဒိုနီးရှားအခြေစိုက် Realme အနေဖြင့် အွန်လိုင်းပလပ်ဖောင်း Lazada တွင် ၂၁မိနစ်အတွင်း ဖုန်းအလုံးရေ ၄ဝ,ဝဝဝ ကျော်အထိရောင်းချကာ တစ်နေ့တာအတွင်း အွန်လိုင်းပ လပ်ဖောင်း၏ နံပါတ်(၁) ဆု၃ဆုဖြစ်သော စုစုပေါင်းဖုန်းအများဆုံးရောင်းချရမှု၊ ပစ္စည်းအလိုက်ရောင်းအားကောင်းမှုနှင့် အမြန်ဆုံးရောင်းအားတိုးတက်မှု ဆုများကိုသိမ်းပိုက်ရယူနိုင်ခဲ့ပါတယ်။

ထိုင်းနိုင်ငံတွင်လည်း Realme မှာ Lazada ၏တစ်နေ့တာအတွင်း ရောင်းအားအကောင်းဆုံးစမတ်ဖုန်းချန်ပီယံ ဖြစ်လာခဲ့ပြီး မလေးရှားနိုင်ငံတွင်မူ Realme မှာ အွန်လိုင်းအရောင်းပလပ်ဖောင်းဖြစ်သည့် Shopee တွင် တစ်နေ့တာရောင်းအားအကောင်းဆုံး စံချိန်သစ်ကိုစိုက်ထူးနိုင်ခဲ့ကာ ဗီယက်နမ်နိုင်ငံတွင်ရောင်းချသည့် Realme ထုတ်ကုန်များမှာလည်း ပစ္စည်းပျက်လတ်သည်အထိ ရောင်းချခဲ့ရပါတယ်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ရက်တွင် ကင်မရာဘုရင်သစ်ဟု အမည်ပေးထားသည့် ထုတ်ကုန်သစ်ဖြစ်သော U series (U1)ကို တရားဝင်မိတ်ဆက်ပေးခဲ့သလို နိုင်ငံတကာဈေးကွက်တိုင်းတွင် Realme အနေဖြင့် Mi Killer အမှတ်တံဆိပ်အဖြစ် မိုဘိုင်းမှတ်တိုင်သစ်များကို အရှိန်မြှင့်စိုက်ထူလျက်ရှိပါတယ်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။