မကြာသေးမီက လောက်ကိုင်မှာဖြစ်ပွားခဲ့တဲ့စစ်ပွဲတွေကြောင့် သေဆုံးခဲ့ရသူတွေရှိသလို နေရပ်မပြန်နိုင်ဘဲ စစ်ဘေးရှောင်နေရတဲ့ပြည်သူတွေလည်းရှိပါတယ်။ ထုံးစံအတိုင်း ဝေဠုကျော် ကတော့ အဆိုပါ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီဖို့ မတ်လ(၉)ရက်နေ့ က လောက်ကိုင်ကို တက်သွားပြီလို့ သိရပါတယ်။

ဝေဠုကျော်နဲ့အတူအဖွဲ့သား၄ဦးပါဝင်တယ်လို့သိရပါတယ်။ လားရှိုးကနေတဆင့် လောက်ကိုင်မြို့ပေါ်ကိုတက်သွားခြင်းဖြစ်ပြီး လူတွေကိုပြန်ခေါ်လာဖို့ စူပါကာစတန်ကား၄စီး နဲ့ မြေသယ်ကား၂စီးသွားပြီး ချင်းရွှေဟော်မှာနေကာ ကားလေးတွေနဲ့ အကြိုအပို့လုပ်မယ်လို့ မဇ္စျိမသတင်းဌာနမှ သိရှိရပါတယ်။

လောက်ကိုင်မြို့မှာ ညမထွက်ရအမိန့်တွေထုတ်ပြီးနောက် နေ့ဘက်တွေမှာ မြို့ကနေထွက်မယ့်လမ်းကြောင်းတွေပိတ်ထားတာမဟုတ်သော်လည်း လောက်ကိုင်-လာရှိုး ကားခတွေမှာ လူတစ်ဦးကို တစ်သိန်းခွဲလောက်အထိ မြင့်တက်နေတာကြောင့် ကားခမတတ်နိုင်တဲ့ အလုပ်သမား အများစု ပိတ်မိသောင်တင်နေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဝေဠုကျော်သို့ ဖောင်ဒေးရှင်းကနေ လောက်ကိုင်ကို အရင်သွားကြည့်တာဖြစ်ပြီး လူတွေခေါ်ဖို့အတွက်ကိုလည်း တခါတည်း စီစဉ်သွားပုံရပါတယ်။

Source: Mizzima News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။