တဖြည်းဖြည်းနဲ့ အမျိုးသမီးတွေအတွက် အန္တရာယ်များလာပြီး အကာအကွယ်မဲ့နေတဲ့ခေတ်ကြီးမှာ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ ပိုပိုများလာပြီး ကာကွယ်ဖို့၊ ထိထိရောက်ရောက် ကိုင်တွယ်ဖို့ဆိုတာကို အသံကျယ်ကျယ်ပြောနေရုံမှအပ မတတ်နိုင်တဲ့အချိန်၊ ဒီတစ်ချိန်တည်းမှာပဲ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာကာကွယ်ပေးနိုင်တဲ့ ပစ္စည်းတွေကို အမျိုးမျိုးတီထွင်ထုတ်လုပ်လာခဲ့ပါတယ်။ အန္တရာယ်များတဲ့ ဒေသတွေက အမျိုးသမီးတွေအတွက်တော့ ဒီပစ္စည်းတွေဟာ မရှိမဖြစ်လို့ ဆိုလို့ရပါတယ်။

၁။ Anti-rape Lingerie

ဒီပစ္စည်းကိုတော့ အိန္ဒိယနိုင်ငံ၊ Chennei တက္ကသိုလ်မှ အမျိုးသမီးပညာရှင်တစ်စုကနေ တီထွင်ခဲ့တာဖြစ်ပါတယ်။ သူ့ကိုကြည့်ရင် ပုံမှန်ညအိပ်ဝတ်အတွင်းခံလို့ထင်ရပေမယ့် ကိုယ့်ကိုကိုယ်ထိလက်ရောက်စော်ကားသူကို တုန့်ပြန်နိုင်တဲ့ လျှပ်စီးဓာတ် 3,800 ကီလိုဗို့အထိ ထုတ်လွှတ်နိုင်တဲ့ Sensor တွေ ပါဝင်ပါတယ်။

၂။ Anti-rape Wear

ဒီဘောင်းဘီကို New York အခြေစိုက် ကုမ္ပဏီတစ်ခုကနေ ထုတ်လုပ်ခဲ့ပြီး အတွင်းခံဘောင်းဘီအနေနဲ့ကော အားကစားဘောင်းဘီအနေနဲ့ပါ ဝတ်ဆင်နိုင်ပါတယ်။ သူ့ရဲ့ထူးခြားချက်က ဘောင်းဘီအသားကို အလွယ်တကူမဖြဲနိုင်အောင်၊ အလွယ်တကူမချွတ်နိုင်အောင်၊ ချွန်ထက်တဲ့အရာနဲ့ဖြဲရင်တောင် အလွယ်တကူမပြဲနိုင်အောင် လုပ်ထားတာပဲဖြစ်ပါတယ်။

၃။ Buzzing Anti-rape Device

ဒီစက်ကလေးကနေ အန္တရာယ်တစ်ခုခုကြုံလာတဲ့အခါ 90 decibel ပမာဏရှိတဲ့ အသံလှိုင်းကို လွှင့်ပေးပါတယ်။ ကိုယ့်ကို လာရောက်စော်ကားဖို့ကြံတဲ့လူကို ဒီအသံကျယ်ကျယ်ကြောင့် လန့်ပြီးထွက်ပြေးသွားစေဖို့၊ ပတ်ဝန်းကျင် သတိပြုမိစေဖို့ ရည်ရွယ်ပါတယ်။

၄။ Anti-rape Necklace

ဒီဆွဲကြိုးမှာပါတဲ့ခလုတ်ကို သုံးစက္ကန့်ကျော်ကြာ ဖိထားမယ်ဆိုရင် ဒီဆွဲကြိုးကနေပဲ အရေးပေါ်ဌာနကို ကိုယ်ရောက်နေတဲ့နေရာအတိအကျနဲ့ အရေးပေါ်မက်ဆေ့ဂျ်ကို လှမ်းပို့ပေးပါတယ်။

၅။ Hairy Tights

ဒါကတော့ ကိုယ့်ကို လာပြီး ကိုယ်ထိလက်ရောက်စော်ကားမယ့်သူ စိတ်ပျက်သွားအောင်လုပ်ပေးတဲ့ အမွှေးထူ အသားကပ်ဘောင်းဘီပဲဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ခြေထောက် ဆွဲဆောင်မှုလျော့အောင်လုပ်ပေးထားတာဖြစ်လို့ တော်ရုံတန်ရုံလူကို စိတ်ပျက်သွားစေမှာအမှန်ပါပဲ။

၆။ The snare

ဒါကတော့ ပုံစံကြည့်ရုံနဲ့ တော်တော်အစွမ်းထက်မယ့် လက်နက်ဆိုတာသိသာပါတယ်။ သူကတော့ ကြွက်ထောင်ချောက်လိုပုံစံမျိုးရှိပြီး အနိုင်ကျင့်စော်ကားဖို့ကြံစည်သူရဲ့ လိင်တံကို ကြွက်ထောင်ချောက်လို ညှပ်ပစ်မှာဖြစ်ပြီး အမျိုးသားလိင်အင်္ဂါရဲ့ အရေပြားနဲ့ အခြားသောနေရာတွေကိုပါ အပြင်းအထန် ဒဏ်ရာရစေမှာဖြစ်ပါတယ်။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။