ဒီဇင်ဘာလ ၃ ရက်နေ့မှာတော့ အမေရိကန်နိုင်ငံရဲ့ လူငယ်ဘောလုံးအသင်းတစ်သင်း လိုက်ပါလာတဲ့ကားတစ်စီး တိမ်းမှောက်ခဲ့တယ်လို့သိရပါတယ်။

အဆိုပါကားဟာ အမေရိကန်နိုင်ငံထဲက အာကန်းဆတ်ပြည်နယ်ထဲမှာ တိမ်းမှောက်ခဲ့တာပဲဖြစ်ပါတယ်။ 

၎င်းကားဟာ တက္ကဆက်ပြည်နယ်အတွင်း ပွဲစဉ်တစ်ခုအပြီး ပြန်ထွက်လာကာ မန်းမ်ဖစ်မြို့ကို အသွားမှာ လမ်းချော်ပြီး တိမ်းမှောက်ခဲ့တာပါ။

၎င်းကားမှောက်မှုကြောင့်တော့ လူတစ်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူတွေအများအပြားရှိခဲ့ပါတယ်။ 

သို့ပေမယ့် ယဉ်မောင်းကတော့ သေဆုံးခဲ့ခြင်းမရှိတောကြောင့် ရဲတွေအနေနဲ့ အဆိုပါယဉ်မောင်းကို စစ်မေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။  

source -dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။