Idol ကရဲနောင်ထွက်ရတာသေချာသွားတဲ့အချိန်မှာ သူ့ပရိတ်သတ်တွေထဲက အောင်နန်းထိုက် ကုမ္ပဏီမိသားစုက 15 သိန်း မတင်မတည်ပြီး သူချစ်တဲ့အနုပညာလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နိုင်ဖို့ ကိုယ်ပိုင်အခွေထုတ်နိုင်ဖို့ ပရိတ်သတ်တွေဝိုင်းဝန်းကူညီပေးကြမယ်လို့ ဆိုပါတယ် ။ ရဲနောင်ရဲ့ကိုယ်ပိုင်သံစဉ်တွေကိုနားထောင်ကြဖို ့ပရိတ်သတ်တွေက အားတတ်သရော တစ်ဖက်တစ်လမ်းကဝိုင်းဝန်းကူညီနေကြတာပါ ... ရဲနောင် မဲအနည်းဆုံးနဲထွက်ခွာခဲ့ရတဲ့ ပွဲစဉ်ပြီးနောက်မှာ Myanmar Idol ပြိုင်ပွဲဝင်တစ်ယောက်တင်ထားတဲ့ Status အရ သူ့ကို မဲမပေးဖို ့သူ့ပရိတ်သတ်တွေကို ဖုန်းဆက်ပြီးလိုက်တောင်းပန်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ် ...

Wild Card အခွင့်အရေးမှာလဲ ရဲနောင်ကိုပြန်လာစေချင်တဲ့ပရိတ်သတ်တွေရှိသော်လည်းပဲ ပရိတ်သတ်အများစုကတော့ ပြိုင်ပွဲကို ဆက်မပြိုင်စေချင်တော့ဘဲ ပြင်ပမှာပဲ အားပေးဖို့ ဆန္ဒရှိနေခဲ့တာပါ ... ခုထိုအကြံအစည်ကို အကောင်အထည်ဖော်ဖို ့အောင်နန်းထိုက်ကုမ္ပဏီမိသားစုက စတင်မတည်လိုက်တာဖြစ်ပါတယ် ... အခြားကူညီချင်သူများကိုလဲဖိတ်ခေါ်ထားပါသေးတယ် ... အဆိုပါအောင်နန်းထိုက်မိသားစုကပဲ လိုအပ်ရင်လဲ ထပ်မံကူညီဦးမှာပါတဲ့ ... ရဲနောင်ကို အားပေးသူတွေကတော့ လူညီတယ်ပဲဆိုရမှာပါ ...

Source : We Love Ye Naing Group

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။