မင်းသမီးလေး ယွန်းဝတီလွင်မိုးကတော့ ပရိသတ်တွေရဲ့ အထူးစိတ်ဝင်စားမှုနဲ့ အားပေးမှုတွေကို ဆက်တိုက်ရရှိထားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ကြော်ငြာလေးတွေသာ အဓိကရိုက်ကူးတဲ့ သူမကို ပရိသတ်တွေက အစဉ်တစိုက်အားပေးပြီး ချစ်ခင်နေကြသလို သူမရဲ့သားလေးကလည်း ပရိသတ်တွေရဲ့အသည်းတုံးလေး ဖြစ်ပါတယ်။ ဖန်တီးမှုအသစ်အဆန်းလေးတွေ ပြုလုပ်တတ်တဲ့ ယွန်းက အခုလည်း သူမရဲ့ပထမဆုံး VLOG လေးနဲ့ ပရိသတ်တွေကို မိတ်ဆက်လိုက်ပါတယ်။

ဒီ Vlog လေးကိုတော့ ယွန်းက သူမရဲ့ "Yun W." ဆိုတဲ့ You Tube Channel မှာ တင်ထားတာ ဖြစ်ပါတယ်။ ယွန်းရဲ့တစ်နေ့တာ လှုပ်ရှားမှုအကြောင်းအရာတွေကို အသေးစိတ်ရိုက်ပြထားတဲ့ ဗီဒီယိုလေးကိုတော့ ယွန်းက "MY FIRST VLOG" လို့ အမည်ပေးထားတာ ဖြစ်ပါတယ်။ ဒီ Vlog ဗီဒီယိုလေးမှာတော့ ယွန်းက သူမရဲ့မနက်ခင်းအစကနေ ညအိပ်ယာဝင်ခါနီးအချိန်အထိ တစ်နေ့တာပြုလုပ်ခဲ့သမျှ activities တွေကို စုစည်းရိုက်ပြထားတာ ဖြစ်ပါတယ်။

ဒီဗီဒီယိုလေးမှာ ယွန်းတို့ဇနီးမောင်နှံရဲ့ ကြည်နူးစရာကောင်းတဲ့ နေထိုင်မှုလေးတွေကအစ ပရိသတ်တွေရဲ့အသည်းကျော် Liam လေးရဲ့ ချစ်စရာအမူအရာလေးတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ယွန်းက ကြင်နာယုယပြီး ဂရုစိုက်မှုအပြည့်အဝပေးတဲ့ ခင်ပွန်းကို ပိုင်ဆိုင်ထားသလို အူယားစရာကောင်းလောက်အောင် ချစ်ဖို့ကောင်းလွန်းတဲ့ သားလေးကို ပိုင်ဆိုင်ထားတဲ့ သူမရဲ့ဘဝလေးက အရမ်းကိုပြီးပြည့်စုံနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကြည့်လို့မဝနိုင်လောက်အောင် ပျော်စရာကောင်းနေတဲ့ ယွန်းရဲ့ "MY FIRST VLOG" ဗီဒီယိုလေးကို အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Yun Waddy Lwin Moe;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။