လူပျိုကြီး ဖြစ်တဲ့ ကိုမောင်မောင်အေးကတော့ တစ်ကိုယ်ထဲဘဝကို စွန့်လွှတ်ပြီး ချစ်သူချောလေးဖြစ်တဲ့ မအားတီနဲ့ အတူ သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးလေးကို တည်ထောင်ခဲ့ပြီဖြစ်ပါတယ်။ ပရိတ်သတ်တွေကြားမှာ အရမ်းကို ဟော့နေတဲ့ ကိုမောင်မောင်အေးတို့ စုံတွဲလေးရဲ့ ကြီးကြယ်ခမ်းနားတဲ့ မင်္ဂလာပွဲလေးကတော့ ပျော်ရွှင်စွာနဲ့ ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါတယ်။

အရမ်းကို လိုက်ဖက်တဲ့ ကိုမောင်မောင်အေးတို့ စုံတွဲလေးရဲ့ ခမ်းနားတဲ့ မင်္ဂလာပွဲလေးကို အနုပညာနယ်ပယ်အသီးသီးမှ ရုပ်ရှင်အနုပညာရှင်များစွာတက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ ယခုဆိုရင်တော့ ပျော်ရွှင်စရာကောင်းတဲ့ မင်္ဂလာပွဲလေး ပြီးဆုံးသွားတဲ့ နောက်မှာတော့ မင်္ဂလာပွဲကို လာရောက်ချီးမြှင့်ခဲ့ကြတဲ့ ဧည့်ပရိတ်သတ်တွေကို အရမ်းကိုအားနာတတ်တဲ့ ကိုမောင်မောင်အေးကတော့ ဧည့်ဝတ်မကျေပွန်မှုလေးကြောင့် အနူးအညွန့်တောင်းပန်လိုက်တာပဲ ဖြစ်ပါတယ်။

ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားမှုကို အရှိန်မြင့်ပေးနိုင်တဲ့ MC တစ်ယောက်ဖြစ်တဲ့ ကိုမောင်မောင်အေးက " ပွဲလာတဲ့ လူပေါင်း ၁၈၀၀ ထဲမှာ ကိုယ်ချစ်ရသော လေးစားရသော လုပ်ငန်းရှင်ကြီးများ Artist များစွာနဲ့ ချစ်သူငယ်ချင်းမိတ်ဆွေပေါင်းများစွာကို တဦးချင်းစီ သေချာလိုက်မနှုတ်ဆက်လိုက်နိုင်တဲ့အတွက် ကျေးဇူးတင်လွှာမရေးနိုင်ခင်လေးမှာ ဒီနေရာကနေအရင်ဆုံး တောင်းပန်လိုက်ပါရစီနော်" ဆိုပြီး အားနာတတ်တဲ့ ကိုမောင်မောင်အေးတစ်ယောက် ပရိတ်သတ်တွေကိုတောင်းပန်ထားတာဖြစ်ပါတယ်။

Source:Mg Mg Aye

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။