လွန်ခဲ့တဲ့ရက်တွေတည်းက ပရိတ်သက်တွေရဲ့ Special အားပေးမှု့ကြောင့် ပွဲတိုင်းမှာ ပါဝင်ခွင့်ရနေတဲ့ ရွှေအိမ်စည်က ပရိတ်သက်တွေအတွက် ကြိုးစားနေပါတယ်။ရွှေအိမ်စည်က ပြိုင်ပွဲနားနီးနေတာတောင် စိတ်အနှောင့်အယှက် ဝင်ခဲ့ရပါသေးတယ်။ဘယ်သူ့အကူအညီမှ မပါဘဲ ပရိတ်သက်တွေရဲ့ အားပေးမှု့နဲ့တင် ကြံ့ကြံ့ခံပြီး အဆင့်တိုင်းကို ရင်ဆိုင်ကျော်ဖြတ်နေပါတယ်။

အိမ်စည်က ဘယ်သူနှောင့်ယှက်ယှက် ပရိတ်သက်အတွက် ပရိတ်သက် မြင်စေချင်တဲ့ အတိုင်း ရောက်အောင်သွားမယ်ဆိုပြီး ဆုံးဖြတ်ထားတာပါ။အိမ်စည်ရဲ့ အခက်ခဲကြားက မယိုင်လဲအောင်ထိန်းထားရတဲ့ စိတ်ဓာတ်က တကယ်အားကျစရာပင်။ပရိတ်သက်ကလည်း ဘယ်သူတွေဘာပြောပြော အိမ်စည့်ဘက်က အမြဲရှိနေမှာပါ။အိမ်စည်ကလည်း အဲ့ဒီအားတစ်ခုတည်းနဲ့တင် အရာရာကို ရင်ဆိုင်ကျော်ဖြတ်နေတာပါ။

ယခုဆိုရင် Final ပွဲကို စတင်ကျင်းပနေပါပြီ။Live လွှင့်ပြီး ပြသတဲ့လူတွေလည်း ရှိနေပါတယ်။ပရိတ်သက်ကြီးကလည်း တကယ့်ကို တစ်ခဲနက် အားပေးနေတာ အားရစရာပင်။စင်ပေါ်မှာ အလှမယ်တိုင်းအကုန်လှနေပေမယ့် မြန်မာကတော့ အဖြူရောင်လေးနဲ့ အရမ်းလှနေတဲ့ အိမ်စည်တစ်ယောက်ကိုပဲ မျက်လုံးထဲ မြင်ပါတယ်။ကဲ..ပရိတ်သက်ကြီးရေ မြန်မာ့ဂုဏ်အတွက် ရွှေအိမ်စည်ကို အားပေးလိုက်ရအောင်နော်။

Source:Hello Sekai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။