သရုပ်ဆောင် သူရိယနဲ့ ဆုအိမ့်စံတို့စုံတွဲလေးကတော့ အရမ်းကိုလိုက်ဖက်ညီပြီးရှေ့သွားနောက်လိုက်ညီတဲ့စုံတွဲလေးလို့ ဆိုလို့ရပါတယ်။ အနုပညာရှင် မင်းသား၊ မင်းသမီးတွေဖြစ်ကြတာကြောင့် တစ်ယောက်အပေါ် တစ်ယောက် နားလည်မှုတွေအပြည့်နဲ့ လက်တွဲနေကြတဲ့ သူတို့စုံတွဲလေးကို ပရိသတ်တွေကလည်း ချစ်ခင်အားပေးကြပါတယ်။ ဒါ့အပြင် သူတို့စုံတွဲလေးက ပရိသတ်တွေရဲ့ Idol Couple လေးအဖြစ်ပါ သတ်မှတ်ထားခြင်းခံထားရတာ ဖြစ်ပါတယ်။

အများကပါ အားကျကြည်နူးရလောက်တဲ့ ချစ်တတ်ကြတဲ့ သူတို့စုံတွဲလေးက အခုလည်း အရမ်းကို Romantic ဆန်တဲ့ ဗီဒီယိုလေးတစ်ခုကို တင်ထားပါတယ်။ "အနမ်းတွေဟာ လှပနေတာ" ဆိုတဲ့ စာသားလေးနဲ့အတူ တင်ထားတဲ့ သူတို့ချစ်သူနှစ်ဦးရဲ့ ဗီဒီယိုလေးမှာတော့ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် အနမ်းတွေခြွေနေကြတာ တွေ့ရပါတယ်။ ရင်ခုန်ချင်စရာကောင်းတဲ့ သူတို့ဗီဒီယိုလေးအောက်မှာ ပရိသတ်တွေကလည်း အားပေးစကားတွေ ဆိုထားကြပါတယ်။

ဒါ့အပြင် မင်းသမီးလေး ဆုအိမ့်စံက သူမရဲ့ကောက်ကြောင်းအလှတွေ ပေါ်လွင်နေတဲ့ စွဲမက်ချင်စရာ ဗီဒီယိုဖိုင်လေးကိုလည်း ထပ်တင်ထားပါတယ်။ ဆုအိမ့်စံရဲ့ ဆွဲဆောင်မှုပြည့်တဲ့ ခန္ဓာကိုယ်အလှကတော့ မြင်သူတိုင်းငေးမောချင်စရာ ကောင်းနေတာကြောင့် ချစ်သူဖြစ်တဲ့ ကိုကိုသူရိယလည်း သူမရဲ့အနမ်းတွေအောက်မှာ ကြွေဆင်းသွားရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သူရိယနဲ့ ဆုအိမ့်စံတို့စုံတွဲရဲ့ ဗီဒီယိုဖိုင်လေးကို အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Thu Riya & Hsu Eaint San; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။