ပျိုပျိုမေတို့ရဲ့အသည်းကျော် မင်းသားတစ်လက်ဖြစ်တဲ့ အောင်ရဲလင်းတစ်ယောက် LUSH Magazine အတွက် အမိုက်စားပုံတွေရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ အချိန်တိုင်းမှာ ဆွဲဆောင်မှုအပြည့်နဲ့ ယောကျာ်းပီသတဲ့ပုံရိပ်တွေက တကယ်ကိုပဲစွဲမက်စရာကောင်းလွန်းနေပါတယ်။ အသက်သုံးဆယ်ကျော်အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး တည်ကြည်တဲ့အသွင်အပြင်ကြောင့် အမျိုးသမီးတွေရဲ့အသည်းစွဲတစ်ယောက်ဖြစ်လို့နေပါတယ်။

အနုပညာလောကမှာလျောက်လှမ်းခဲ့တာ အချိန်အတော်ကြာခဲ့ပြီဖြစ်ပြီး ဇာတ်ကားတွေတော်တော်များျများကိုလည်း ရိုက်ကူးခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ တစ်ကိုယ် တည်းလူပျိုကြီးအဖြစ်နဲ့ ရပ်တည်နေတာဖြစ်ပြီး ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဘဝကို အပြည့်အဝရရှိထားသူ တစ်ယောက်ပါပဲ။ ယခင်ကနဲ့မတူတဲ့ ပုံစံတစ်ခုကိုပြောင်းလဲလိုက်ပြီးနောက်မှာတော့ ပရိသတ်အားပေးမှုပိုမိုရရှိလာခဲ့တာပဲဖြစ်ပါတယ်။

ယောကျာ်းပီသတဲ့ပုံစံနဲ့အမိုက်စားပုံရိပ်တွေဟာ ကြွေနေတဲ့ပျိုပျိုမေတို့ရဲ့အသည်းကို ပိုပိုပြီးခြွေယူနေသလိုပါပဲ။ ရင်ခုန်အောင်အမြဲတမ်းဖမ်းစားနိုင်တဲ့ အထာကျတဲ့မင်းသားတစ်လက်လည်းဖြစ်ပါတယ်။ ပြောင်းလဲလိုက်တဲ့ပုံစံတစ်ခုမှာ အရမ်းကိုလိုက်ဖက်ပြီး တကယ်ကိုကြည့်ကောင်းသွားတာပဲဖြစ်ပါတယ်။ အထာကျနေတဲ့ အောင်ရဲလင်းရဲ့အမိုက်စားပုံလေးတွေကိုလည်း ဝေမျျပေးလိုက်ပြီနော်။

Photo - Love Space

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။