မိုက်တီး၊ သရုပ်ဆောင်ချစ်ချစ်ဇော်နဲ့ လင်းဇာနည်ဇော်တို့ရဲ့ ဖခင်ဖြစ်တဲ့ ဒါရိုက်တာ ဦးခင်ဇော်ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ(၃)ရက်နေ့ကပဲ ကွယ်လွန်သွားခဲ့ပြီး ပရိသတ်တွေနဲ့ အနုပညာရှင်တော်တော်များများလည်း စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်..။

ဒါရိုက်တာမိုက်တီး၊ ချစ်ချစ်ဇောနဲ့ လင်းဇာနည်ဇော်တို့ မောင်နှမတွေကတော့ အနုပညာလောကမှာ နယ်ပယ်အသီးသီးကနေ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကိုရရှိထားသလို ဖခင်ဖြစ်သူ ဒါရိုက်တာ ဦးခင်ဇော်ကတော့ ထူးချွန်တဲ့ ဒါရိုက်တာတစ်ဦးအဖြစ် အနုပညာလောကမှာ အောင်မြင်မှုတွေကို အခိုင်အမာရရှိထားတဲ့ နာမည်ကျော် ဝါရင့်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်..။

အသက်(၉၁)နှစ်ရှိပြီဖြစ်တဲ့ ဒါရိုက်တာ ဦးခင်ဇော်ရဲ့ နာရေး ဈာပနအခမ်းအနားကိုတော့ ဒီကနေ့ ဒီဇင်ဘာ(၇)ရက်နေ့ နေ့လည်ပိုင်းကပဲ ရန်ကုန်၊ ရေဝေးသုဿာန်မှာ ဂူသွင်းသဂြိုလ်ပြီး ဈာပနပွဲလေးကို ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်..။

ပြီးခဲ့တဲ့ ဒီဇင်ဘာ(၃)ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ ဖခင်ဖြစ်သူရဲ့ နောက်ဆုံးဈာပနခရီးလေးကိုလည်း ဝမ်းနည်းကြေကွဲစွာနဲ့ လိုက်ပါပို့ဆောင်ခဲ့ကြတဲ့ ပုံရိပ်လေးတွေကလည်း မြင်တွေ့သူပရိသတ်တိုင်းကို စိတ်မကောင်းဖြစ်စေပါတယ်နော်..။

ဒါရိုက်တာဦးခင်ဇော်ရဲ့ ဈာပနအခမ်းအနားကိုတော့ မိသားစုမိတ်ဆွေများနဲ့ အနုပညာရှင်တော်တော်များများအပြင် ပရိသတ်တွေကလည်း လိုက်ပါပို့ဆောင်ပေးခဲ့ကြတာ တွေ့ရပါတယ်..။

အနုပညာလောကရဲ့ နာမည်ကျော်ဒါရိုက်တစ်ဦးဖြစ်တဲ့ ဒါရိုက်တာဦးခင်ဇော်ကတော့ နာတာရှည်ရောဂါဝေဒနာကြောင့် အိပ်ယာထဲလဲနေခဲ့တာဖြစ်ပြီး ဒီဇင်ဘာ(၃)ရက်နေ့ ည(၁၁)နာရီ (၅၅)မိနစ်အချိန်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်..။

Photo – Tin Tun Win၊ Aung Kyaw Zayar Moe Hein Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။