ပရိသတ်ကြီးရေ.. ချစ်သက်လေးလို့ ချစ်စနိုးခေါ်ကြတဲ့ အားလုံးရဲ့ အသည်းကျော်လေး သက်မွန်မြင့်ကတော့ မနက်စောစော အချိန်မှာကတည်းက လှူဒါန်းမှုတွေ ပြုလုပ်ကုသိုလ်ယူနေပါတယ်နော်..။

ဘုရားအနေကဇာတင်အလှူနဲ့ သံဃာတော်တွေကို ဆွမ်းဆန်စိမ်းလောင်းလှူ အလှူလေးကို ပြုလုပ်ပါဝင်ကုသိုလ်ယူခဲ့တာပါ..။

ဒီဇင်ဘာ(၇)ရက်နေ့ မနက်စောစော (၆)နာရီအချိန်က အောင်ဇမ္ဗူဆရာတော် ဘုရားကြီးမှုးပြီး ၅ထပ်ဗိမာန် ဘုရားအနေကဇာတင်နဲ့ သံဃာ အပါး (၁၈၀၀) ဆွမ်းလောင်းလှုပွဲ လေး ခင်ပွန်းသည်နဲ့အတူ ပါဝင်ကုသိုလ်ယူ လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်..။

ချစ်သက်လေးကတော့ "ပြုပြုသမျှ ကုသိုလ်အားလုံးကို ဒီလို အလှု လှုခွင့်ရဖို့ ပံ့ပိုးသူမှန်သမျှ ၇ ရက် သားသမီး အားလုံး အမျှ အမျှ အမျှ ပေးဝေပါကုန်၏ နောက်လည်း ဒီ့ထက် ဒီ့ထက် လှုဒါန်းနိုင်ရပါစေသား.."ဆိုပြီးတော့လည်း ပရိသတ်တွေ သာဓုခေါ်ကုသိုလ်ယူနိုင်ဖို့အတွက်လည်း ကုသိုလ်လေးတွေ ဝေမျှထားပါသေးတယ်..။

ခင်ပွန်းသည်နဲ့အတူ မနက်စောစောမှာ ကုသိုလ်ယူနေကြတဲ့ ချစ်သက်တို့ ဇနီးမောင်နံှတို့ရဲ့ ပုံရိပ်လေးတွေကတော့ ပြုံးပျော်ရွှင်ပြီး အေးချမ်းနေကြတာမို့လည်း ပရိသတ်တွေကလည်း သဘောကျစွာ သာဓုခေါ်ဆုတောင်းစကားလေးတွေ ပြောထားကြတာ တွေ့ရပါတယ်..။

ချစ်သက်လေးရဲ့ ချစ်စရာကောင်းတဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - သက်မွန်မြင့်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။