အန်ကယ်လေးလို့ အားလုံးကခေါ်ကြတဲ့ အကယ်ဒမီလူမင်းကတော့ အနုပညာလောမှာ ပရိသတ်တွေ အခိုင်အမာနဲ့ ထိပ်တန်းကနေ အောင်မြင်နေသလို သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေသူပါပဲ..။

အမြဲနားလည်မှုလေးတွေနဲ့ ပါရမီဖြည့်တတ်တဲ့ ဇနီးချောလေးအပြင် ချစ်စရာကောင်းတဲ့ သမီးတစ်ယောက် သားတစ်ယောက်တို့နဲ့အတူ နေ့ရက်တိုင်းကို အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနေတာဆိုလည်း မမှားပါဘူးနော်..။

အန်ကယ်လေးကတော့ အခုတစ်ခါမှာလည်း ထူးချွန်လွန်းတစ်ဦးတည်းသော သမီးလေး ဧရာဝတီလူမင်းအတွက် ဝမ်းသာပီတိလေးတွေနဲ့ ဂုဏ်ယူနေရပါတယ်..။

စာတော်လွန်းတဲ့ သမီးလေး ဧရာဝတီလူမင်းဟာ သမ္မတကြီးကိုယ်တိုင်ချီးမြှင့်တဲ့ ကျောင်းကပေးတဲ့ POP ထူးချွန်ဆုကို ရရှိခဲ့ပြီး ထူးခွန်ကျောင်းသားတွေကိုသာ ဂုဏ်ပြုပေးတဲ့ ကျောင်းရဲ့ noticeboard မှာလည်း ထူးချွန်ဆုနဲ့အတူ ဓာတ်ပုံရိုက်ထားတဲ့ သမီးလေးရဲ့ပုံလေးကိုလည်း ချိတ်ထားမှာ ဖြစ်တယ်ဆိုပြီး သမီးလေးရဲ့ ဆရာမက ဂုဏ်ပြုစာလေး ပေးပို့ခဲ့တာ ဖြစ်ပါတယ်..။

ကျောင်းသားမိဘတွေဆီ ကျောင်းက ပေးပို့တဲ့ ဂုဏ်ပြုစာလေးနဲ့အတူ ထူးချွန်လွန်းတဲ့ သမီးလေးအတွက် ဝမ်းသာဂုဏ်ယူရတဲ့ အပျော်လေးတွေကိုလည်း အန်ကယ်လေးက ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်..။

အဲ့ဒီပို့စ်ရဲ့ အောက်မှာတော့ ပရိသတ်တွေကလည်း ထူးချွန်တဲ့ သမီးလေး ဧရာဝတီလူမင်းအတွက် ဂုဏ်ပြုစကားလေးတွေလည်း ရေးသားပြောထားကြတာ တွေ့ရပါတယ်..။

Photo - လူမင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။