နီပေါနိုင်ငံတစ်ကာကြက်တောင်ရိုက်ပြိုင်ပွဲမှာမြန်မာနိုင်ငံကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်တဲ့ကစားသမားသက်ထားသူဇာကတော့ပရိတ်သတ်တွေကိုတောင်းပန်လိုက်ပါတယ်။ဒီပြိုင်ပွဲမှာသက်ထားသူဇာကတော့ဒုတိယဆုရယူနိုင်ပေးခဲ့ပြီးပထမဆုမယူပေးနိုင်လို့စိတ်မကောင်းဖြစ်နေခဲ့တာပါ။ပြီးခဲ့တာအောက်တိုဘာလကအီဂျစ်နိုင်ငံမှာကျင်းပတဲ့2018 BWF international series ပြိုင်ပွဲမှာလည်းရွှေတံဆိပ်ဆုရယူပြီးနိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ခုနီပေါနိုင်ငံမှာကျင်းပတဲ့YONEX-SUNRISE International Series 2018 ကြက်တောင်ရိုက်ပြိုင်ပွဲမှာလည်းဒုတိယဆုယူပေးခဲ့တာပါ။ဒုတိယဆုသာယူနိုင်တဲ့အကြောင်းကတော့"အစကညီမဒီပွဲမှာ final တတ်ခဲ့ရင်တောင် ရိုက်ဖို့အဆင်မပြေဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီပွဲရဲ့ final က 8 ရက်နေ့ရိုက်မှာဖြစ်တယ်၊ ပြီးတော့ ASEAN UNIVERSITY GAME ကလဲ 9 ရက်နေ့စရိုက်ရမှာပါ။ ညီမသာ final ရိုက်ပြီးမှနေပြည်တော်ကိုသွားမယ်ဆိုရင် ASEAN UNIVERSITY GAME ရဲ့ team event ကိုညီမမှီမှာမဟုတ်ပါဘူး။ ဒါပေမဲ့အခုလိုညီမကို final ရိုက်လို့ရအောင်ခွင့်ပြုပေးကြသော မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်မှလူကြီးများနှင့်တာဝန်ရှိသူများအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်"ဆိုပြီးတောင်းပန်သွားခဲ့တာပါ။

ကြက်တောက်အားကစားကနေပြီးတော့မြန်မာကိုကမ္ဘာကသိအောင်စွမ်းဆောင်ပေးနိုင်တာကတော့ဂုဏ်တက်စရာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်ကျင်းပတဲ့ASEAN University Gameပြိုင်ပွဲမှာလည်းအောင်မြင်မှုတွေရပြီးနိုင်ငံ့ဂုဏ်ဆောင်နိုင်ဖို့အတွက်အားပေးလိုက်ရအောင်။

Source:Thet Htar Thuzar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။