သမီးအရင်းကို သားမယားအဖြစ် ကျူးလွန်ခဲ့တဲ့အဖေ ၁၆နှစ်ကျော်ကြာ ထောင်ကျခံရ

သူမက ၂၀၀၀ ခုနှစ်ကတည်းက အမေနဲ့အခေါ်အပြော မလုပ်တော့ဘဲ အဖေနဲ့ ပြောင်းရွှေ့နေထိုင်ခဲ့တာ ဖြစ်ပါတယ်။ အဖေနဲ့အမေက ကွဲနေခဲ့တာဖြစ်ပြီး သူမအဖေဆီက အကူအညီနဲ့ အထောက်အပံ့ရဖို့ မျှော်လင့်ခဲ့ပင်မဲ့ ညှင်းပန်းနှိပ်စက်မှုတွေကိုဘဲ ခံခဲ့ရပါတယ်။

၁၁နှစ်ကျော်ကြာ စိတ်ပိုင်းဆိုင်ရာကော ရုပ်ပိုင်းဆိုင်ရာပါ နှိပ်စက်ခံခဲ့ရပြီး လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကြောင့် ကိုယ်ဝန်လည်း ခဏခဏရခဲ့ပါတယ်။ တရားစွဲခံထားရသူဟာ အသက်၁ဝနှစ်အောက် ကလေးတွေနဲ့ လိင်တူဆက်ဆံမှုတွေ ကြောင့်လည်းပါပြီး ငယ်ရွယ်စဉ်ကတည်းက အဲ့လိုအဖြစ်အပျက်မျိုးတွေလည်းရှိခဲ့ဘူးပါတယ်။ သူ့ရဲ့ စိတ်ရောဂါကု ဆရာဝန်ကတော့ သူ့ဆီမှာ လိင်စိတ်ဆန္ဒပြင်းထန်တဲ့ စိတ်ရောဂါရှိတယ်လို့ ပြောခဲ့ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။