ပရိတ်သတ်တွေသိကြတဲ့ နာမည်ကြီး စုံတွဲလေးဖြစ်တဲ့ သူရိယနဲ့ ဆုအိမ်စံတို့ဟာဆိုရင်တစ်ယောက်ကို တစ်ယောက်အရမ်းချစ်ကြတဲ့ စုံတွဲလေးဖြစ်ပါတယ်။ အနုပညာလမ်းကြောင်းပေါ်မှာ ကိုယ်စီအောင်မြင်မှုတွေကို ပိုင်ဆိုင်ထားပြီး အမာခံအားပေးတဲ့ ပရိတ်သတ်တွေလည်း များစွာ ရှိတဲ့ စုံတွဲလေးဖြစ်ပါတယ်။ ဝါသနာချင်းလည်းတူ အလုပ်ချင်းလည်းတူတဲ့ သူရိယနဲ့ ဆုအိမ်စံတို့ အတွဲလေးကတော့ ပရိတ်သတ်တွေ အားကျရလောက်အောင် Ro ပြတတ်တဲ့ အတွဲလေးပဲ ဖြစ်ပါတယ်နော်။

နှစ်ယောက်သား စိတ်တူကိုယ်တူနဲ့ ပျော်ရွှင်စရာကောင်းတဲ့ relationship လေးကို တည်ဆောက်ထားတာပြီး နှစ်ယောက်သားတူတူ ပျော်စရာလေးတွေကို ဖန်တီးတတ်တဲ့ သူရိယနဲ့ ဆုအိမ်စံတို့ကတော့ ပရိတ်သတ်တွေရဲ့ အချစ်တော် စုံတွဲလေးပဲ ဖြစ်ပါတယ်။ ဒီဇိုင်းအဆန်းလေးတွေနဲ့ လက်ချင်းချိတ်လို့ ဖျော်ဖြေပွဲတွေကို တက်ရောက်ခဲ့တဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်တွေအတွက် အချိန်နဲ့ တပြေးညီတင်ပေးတတ်တာကြောင့် ပရိတ်သတ်တွေကို တန်ဖိုးထားတယ်ဆိုတာ ပေါ်လွင်နေပါတယ်။

ယခုလည်း MYANMAR INT’L Fashion Week 2018 ပွဲလေးကို လက်ချင်းချိတ်လို့ တက်ရောက်ခဲ့တဲ့ သူရိယနဲ့ ဆုအိမ်စံတို့ ပုံရိပ်လေးတွေကို ပရိတ်သတ်တွေအတွက်ဝေမျှထားတာဖြစ်ပါတယ်။ ခေတ်ဆန်ဆန် ဖက်ရှင်လေးနဲ့ ဓာတ်ပုံရိုက်နေချိန်မှာတောင် တစ်ယောက်ကို တစ်ယောက်အကြည့်မလွှဲ နိုင်အောင် ချစ်ကြတဲ့ သူရိယနဲ့ ဆုအိမ်စံတို့ အတွဲလေးရဲ့ ကြည်နူးစရာပုံရိပ်လေးတွေ ကို အားကျဖွယ်မြင်တွေ့ရမှာ ဖြစ်ပါတယ် ပရိတ်သတ်ကြီးရေ...။

Source:Thu Riya & Hsu Eaint San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။