အနပညာလှုပ်ရှားမှုတွေကနေ ပျောက်ကွယ်နေတဲ့ သူထူးစံကတော့ လူပျိုကြီးစရင်းဝင်ထားတဲ့ အချစ်ရေးနဲ့ပတ်သက်ပြီးသတင်းတွေလဲမကြားရတဲ့လူပျိုကြီးဖြစ်ပါတယ်။ မကြာခင်ကတော့ လူပျိုကြီး သူထူးစံတစ်ယောက် လူပျိုကြီး ဘဝကို စွန့်ခွာလိုက်ပြီဆိုတဲ့ သတင်းဟာ ပရိသတ်တွေကြားမှာ အတော်လေးကို ရေပန်းစားနေခဲ့တာပဲဖြစ်ပါတယ်။ 

လူပျိုကြီးဘဝက ကျွတ်သွားတဲ့ ပရိသတ်င်္တေချစ်ခင်အားပေးခဲ့ရတဲ့ သူထူးစံကတော့ ဇနီးချောလေးဖြစ်တဲ့ ထိုက်ဆုဝင်းနဲ့ မင်္ဂလာဆောင်လိုက်တာပရိသတ်ကြီး အသိပဲဖြစ်ပါတယ်။ သူထူးစံတို့ဇနီးမောင်နှံကတော့ မင်္ဂလာဦးဆွမ်းကပ်အလှူကို နေပြည်တော် ၊ တပ်ကုန်းမှာ ရှိတဲ့ "ငွေတောင်တောရစာသင်တိုက်"မှာ မနေ့က ပျော်ရွှင်စွာ ကျင်းပခဲ့တာပဲဖြစ်ပါတယ်။  

သူထူးစံကတော့ ဇနီးချောလေး ရဲ့ လက်ကိုတွဲကာ ကြည်နူးစရာအပြုံးလေးတွေနဲ့ လူကြီးမိဘတွေရှေ့မှာ ရဟန်း သံဃာတွေကို မင်္ဂလာဦးဆွမ်းကျွေးခဲ့ပါတယ်။ သူထူးစံတို့ဇနီးမောင်နှံကို လိုက်ဖက်တဲ့ စုံတွဲလေးဖြစ်ပြီး ချစ်ပရိသတ်တွေကလဲ သူထူစံတို့ဇနီးမောင်နှံကို" အသက်ရာကျော်ရှည်လျှက် နှစ်ဦးလုံး ကျန်းမာချမ်းသာစွာနဲ့အိမ်ထောင်ရေချောမွေ့နိုင်ပါစေ" ဆိုပြီး COMMENTမှာ ဝင်ရောက်ရေးသားနေကြပါတယ်။  

SOURCE: thu htoosan‬

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။