ပရိသတ်တွေအားကျချစ်ခင်ရတဲ့ အနုပညာရှင်ဆယ်လီစုံတွဲလေးတွေထဲမှာ တစ်နေ့ထက်တစ်နေ့ ပရိသတ်တွေကို အားကျအချစ်ပိုအောင် လုပ်တတ်တဲ့ အဆိုတော်ဖြိုးလေးနဲ့ အဆိုတော်သရုပ်ဆောင် မင်းသမီးချောလေး ဝါဆိုမိုးဦးတို့ လူငယ်စုံတွဲလေးကတော့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ လိုက်ဖက်ညီပြီး ချစ်စရာကောင်းတဲ့ စုံတွဲလေးပါပဲ..။

သာယာပျော်ရွှင်တဲ့ အချစ်ရေးလေးကို ပိုင်ဆိုင်ထားတဲ့ သူတို့စုံတွဲလေးကတော့ ချစ်သူသက်တမ်း(၃)နှစ်ပြည့် သွားပြီဖြစ်သလို ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ Anniversary လေးကိုလည်း ပြုလုပ်ခဲ့ကြပါသေးတယ်..။

ရိုမန်တစ်ဆန်ပြီး လိုက်ဖက်ညီတဲ့ သူတို့စုံတွဲလေးကတော့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ တကယ်ကို ချစ်စရာကောင်းသလို ဖြိုးလေးက သူ့ရဲ့ချစ်သူလေး ဝါဆိုမိုးဦးကို ချစ်သူသက်တမ်း နှစ်ပတ်လည်နေ့လေးအတွက် အမှတ်တရအနေနဲ့ Surprise လေး ပြုလုပ်ပေးခဲ့တာပါ..။

ဖြိုးလေးတစ်ယောက် ချစ်သူလေးကို စိတ်ဆိုးအောင် အရင်စထားပြီး နှင်းဆီပန်း အပွင့်(၃၀၀)ကိုခြွေပြီး တစ်အိမ်လုံးကို ပန်းခင်းကာ Anniversary Surprise လေး ပြုလုပ်ပေးခဲ့တာမို့ ဝါဆိုလေးတစ်ယောက် စိတ်ဆိုးပြေရပြီး ပျော်ရွှင်ခဲ့ရပါတယ်နော်..။

ချစ်သူသက်တမ်း(၃)နှစ်ပြည့် နှစ်ပတ်လည်နေ့လေးမှာလည်း တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်လက်ဆောင်လေးတွေပေးခဲ့ကြပြီး တစ်အိမ်လုံး ပန်းပွင့်ဖက်လေးတွေခင်းကာ ဘောလုံးလေးတွေနဲ့ အလှဆင်ထားသလို ကိတ်လေးမှာလည်း သူတို့ချစ်သူနှစ်ယောက်ရဲ့ ဓာတ်ပုံလေးထည့်ထားပြီး Anniversary လေးကို ကြည်နူးစွာဖြတ်သန်းနေတာမို့ ပရိသတ်တွေကတော့ အားမကျပဲ မနေနိုင်အောင်ပါပဲနော်..။

ဝါဆိုလေးကတော့ ချစ်သူလုပ်ပေးတဲ့ Anniversary Surprise လေးကို Live လွှင့်ပြီး ပရိသတ်တွေကို ပြန်လည်မျှဝေထားပြီး ဖေ့စ်ဘွတ်ပေါ်က သူမရဲ့ သူငယ်ချင်းတွေကို ကြွားတာဆိုပြီးတော့လည်း ချစ်စဖွယ်လေး ပြောထားပါသေးတယ်..။

Photo - ဝါဆိုမိုးဦး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။