အနုပညာလောကရဲ့ အဖိုးတန်လွန်းတဲ့ နာမည်ကျော် အနုပညာကြယ်တစ်ပွင့်ဖြစ်တဲ့ ဒါရိုက်တာဦးခင်ဇော်ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ(၃)ရက်နေ့က ကွယ်လွန်သွားခဲ့ပါပြီနော်..။

ဒီဇင်ဘာ(၃)ရက်နေ့ ကွယ်လွန်သွားတဲ့ ဒါရိုက်တာ ဦးခင်ဇော်ရဲ့ နာရေးဈာပန နောက်ဆုံးခရီးလေးကိုတော့ ဒီဇင်ဘာ(၇)ရက်နေ့က ရေဝေးသုဿန်မှာ ဂူသွင်းသဂြိုလ်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ(၉)ရက်နေ့လေးမှာတော့ နေအိမ်မှာ ရက်လည်ဆွမ်းသွတ်တရားတော်နာ အလှူလေးကို ပြုလုပ်ပေးခဲ့ကြပါတယ်..။

ချစ်ချစ်ဇော်နဲ့ လင်းဇာနည်ဇော်တို့ မောင်နှမတွေကတော့ ကွယ်လွန်သူ ဖခင်ကြီးအတွက် ရက်လည်နေ့လေးမှာလည်း ရွှေပြည်ဟိန်းဆရာတော်ဘုရားကြီးကို ပင့်ဖိတ်ပြီး တရာနားအလှူလေးနဲ့ သံဃာတော်များကို ရွှေခေါက်ဆွဲ ကပ်လှူခဲ့ကြပြီး ဖခင်ဖြစ်သူအတွက် လှူဒါန်းမှုလေးတွေ ပြုလုပ်ခဲ့ကြတာ တွေ့ရပါတယ်..။

ဆရာတော်ကြီးရဲ့ တရားတော်တွေကိုနာယူပြီး ဖခင်ဖြစ်သူရဲ့ရကျေးဇူးတရားကို ပိုသိခဲ့ရပြီး အချိန်တိုလေးအတွင်းမှာ သံဝေဂတွေလည်း ရခဲ့တယ်လို့ ချစ်ချစ်ဇော်က ပြောပြထားပြီး ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်း ပရိသတ်တွေအတွက် ဆရာတော်ကြီးရဲ့တရားတော်တွေကိုလည်း ပြန်လည်မျှဝေထားပါသေးတယ်..။

ဖခင်ဖြစ်သူ ဒါရိုက်တာဦးခင်ဇော်ကတော့ (၈)နှစ်တာ နာတာရှည်ရောဂါဝေဒနာကြောင့် တဖြေးဖြေးနဲ့ အသိဉာဏ်ကွယ်ပျောက်တဲ့ ရောဂါကြောင့် အိပ်ရာထဲလဲနေခဲ့တာဖြစ်ပြီး သားသမီးတွေရဲ့ ပြုစုပေးသမျှကို ခံယူခဲ့ရတာပဲ ဖြစ်ပါတယ်..။

ချစ်ချစ်ဇော်ကတော့ ဖခင်ဖြစ်သူအတွက် ကောင်းမှုကုသိုလ်လေးတွေ ဆက်တိုက်ပြုလုပ်ပေးနေကြပြီး ပြုသမျှကောင်းမှု့ကုသိုလ်အစုစုတို့ကိုလည်း ကွယ်လွန်သူဖခင်ရောက်ရာဘုံဘဝကနေ သာဓုခေါ်ဆိုနိုင်ဖို့လည်း ဆုတောင်းစကားလေး ပြောထားပါသေးတယ်..။

Photo - ချစ်ချစ်ဇော်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။