ယခုရက်ပိုင်းအတွင်းမှာ စင်္ကာပူ နိုင်ငံကို နယ်စပ်ဂိတ်ကနေ ၀င်ခဲ့တဲ့ မျောက်

မိသားစုရဲ ့ ဖြစ်ရပ်နဲ့ ့ တဆက်ထဲမှာ မတ်လ(၁၀)ရက်နေ ့က အင်ဒိုနီးရှားနိုင်ငံ Soekarno-Hatta နိုင်ငံတကာ လေဆိပ် အတွင်းကို ခိုးဝင်ပြီး စင်္ကာပူ ကိုထွက်ခွာမယ့် ဘိုးရင်းလေယာဉ်ကြီးရဲ ့အောက်က ဘီးကိုဖက်တွယ်လိုက်ဘို ့ လုပ်နေကြတဲ့ လူငယ်နှစ်ဦးကို လေဆိပ် ၀န်ထမ်းတွေက အချိန်မှီ တွေ ့ သွားခဲ့ကြပါတယ်။

အန်ဒရေ အသက်(၂၀) နဲ ့ ရာဒီယမ်ဆပ် (၁၇)နှစ်တို ့ကို လေဆိပ်ရဲတွေ

က ဖမ်းဆီး စစ်ဆေးနေကြရာမှာ ပိုမိုကောင်းမွန်းတဲ့ ဘဝရဘို ့ စင်္ကာပူမှာ

အလုပ်လုပ်ကိုင်ချင်တာကြောင့် ခုလို ့ လုပ်ခဲ့ကြတာဆို သိရပါတယ်။

အာရှက ဆင်းရဲမွဲတေနေတဲ့ နိုင်ငံတွေက လူငယ်တွေဟာ မိမိနိုင်ငံမှာ

အလုပ်ကိုင်ရှားပါး- လူနေမှု နိမ့်ကျလွန်းပြီး ဆင်းရဲချမ်းသာ ကွာခြားနေတာ

မြင့်မာလာနေပါတယ်၊ အများစုက လူမှုဘဝ နိမ့်ကျတဲ့ အခြေအနေမှာ နေထိုင်

နေကြရပါတယ်။

နိုင်ငံတကာကနေ အတိုး-အတိုးမဲ့ ရနေတဲ့ ခြေးငွေတွေထိုင်းသုံးပြီး အစိုးရကို ဟန်မပျက်လည်ပါတ်နေကြတဲ့ ဆင်းရဲတဲ့နိုင်ငံတွေမှာ တိုင်း

ပြည်စီးပွားရေး တိုးတက်လာအောင် ဘာတခုမှုမှ လုပ်မပေးနိုင်တာကြောင့်

လူငယ်တွေဟာ ထိုင်ဝမ်-ဟောင်ကောင်-တောင်ကိုရီးယား-စင်္ကာပူ -မလေးရှား စတဲ့နိုင်ငံတွေကိုနည်းမျိုးစုံနဲ ့ဝင်ရောက်ပြီးရရာအလုပ်လုပ်ကိုင်နေကြပါတယ်။

ယခုလိုနည်းမျိုးနဲ ့ခိုးဝင်တာဟာ အလွန်အန္တရယ်ကြီးပြီး သေဆုံးသွားတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။