အရက်သေစာဆိုတာဘယ်သောအခါမှ မကောင်းတဲ့ အမျိုးထဲမှာပါပါတယ်။ ရှမ်းမြောက် ကျောက်မဲမြို့နယ်၊ မြောက်ဘပ် ၆ မိုင်ကျော်လောက်မှာရှိတဲ့ ကုန်းစုံရွာမှာ မတ်လ ၁၀ ရက်နေ့မှာ အသက် ၁၂ နှစ်အရွယ်သာရှိတဲ့ ကလေးငယ်တစ်ဦးကြိုးဆွဲချသေဆုံးခဲ့ပါတယ်။

“ကလေးအဖေက အရမ်းဆိုးတယ်။ မိုးမလင်းသေးဘူး၊ အရက်စသောက်နေပြီ။ မှုးလာရင် ကလေးတွေရော၊ သူ့မိန်းမကိုရော ရိုက်တယ်။ ပြီးတော့ ရွာအပြင်ကို နှင်ထုတ်ထားတော့ သူ့တို့ တောင်ယာထဲမှာ သွားနေကြတယ်။ အဲတာကို အဲကလေးက စိတ်ညစ်ပြီး တောင်ယာနားလေးမှာ ရှိတဲ့ သစ်ပင်တပင်မှာ သူ့ကိုယ်သူ ကြိုးဆွဲချပြီး သေဆုံးသွားတာ ဖြစ်မယ်။ ရွာသားတွေ အားလုံးလည်း အဲလိုပြောကြတယ်” လို့ ကျောက်မဲ ဇိဝိတ နာမှုကူညီရေးအသင်းက ဦးတင်မောင်သိန်းက ပြောကြားခဲ့ပါတယ်။

“သေမှု သေခင်းနဲ့ ပက်သက်လို့ အမှုဖွင့်ထားပါတယ်။ သေမှုသေခင်းဖွင့်ထားတယ်။ ရိုးရိုးသေတာလား၊ လုပ်ကြံမှုလားမသိဘူးလေ” လို့ ဆက်ပြောပါတယ်။ "ဒီကလေးကတော့ ကြိုးဆွဲချသေသွားတယ်။ အဲတာကို သေမှုသေခင်းနဲ့ အမှုဖွင့်ထားတယ်။ ဆေးရုံမှာ စစ်ဆေးနေပါတယ်လ” လို့ ကျောက်မဲ ဒုရဲအုပ် ဇင်မင်းထွန်းက ပြောပါတယ်။

Source : dvbnews

anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။