အာဇာနည်နဲ့ ဝမ်းတို့က အိမ်ထောင်တစ်ခုကို ထူထောင်လာခဲ့သည်မှာ ရတုတစ်ခု တိုင်ခဲ့ပါပြီ။အာဇာနည်က အောင်မြင်တဲ့ အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။အာဇာနည်ကသီချင်းများစွာကို သီဆိုခဲ့ပြီး သူဆိုခဲ့တဲ့ သီချင်းအကုန်လုံးက ပေါက်ခဲ့ပါတယ်။ဆံပင်ရှည်ရှည် tattooတွေနဲ့လည်း စိတ်နှလုံးသားနူးညံ့သူပါ။အာဇာနည်က တစ်ခြားလူကို ကူညီချင်စိတ်အပြည့်ရှိပါတယ်။သူကိုယ်တိုင်ကောင်းအောင်နေတဲ့သူတစ်ယောက်ပါ။သူရဲ့ စိတ်ထားလေးကို ပရိတ်သက်တွေက လေးစားသလို သူ့ရဲ့ သီချင်းတွေကိုလည်း ပရိတ်သက်က ကြိုက်ကြပါတယ်။

အာဇာနည်နဲ့ ဝမ်းတို့ က တစ်ယောက်ကို တစ်ယောက်ချစ်လို့ အဆုံးရှုံးမခံနိုင်လို့ ခိုးပြေးခဲ့ကြတာပါ။သူတို့လင်မယားနှစ်ယောက်က တစ်ယောက်ကို တစ်ယောက်ဖေးမရင်း ဒီလိုအောင်မြင်အောင် လုပ်ခဲ့ကြပါတယ်။အာဇာနည်နဲ့ ဝမ်းတို့က မကြာသေးခင်က မင်္ဂလာနှစ်ပတ်လည်ရတုကို ကျင်းပခဲ့ကြပြီး တစ်ယောက်ကို တစ်ယောက်ချစ်တဲ့အချစ်တွေကို ဖော်ပြခဲ့ကြပါတယ်။သူတို့မှာ လိမ္မာအေးချမ်းတဲ့ သားကြီးလေးရယ် ချစ်စရာကောင်းတဲ့သားငယ်လေးရယ်ကို ပိုင်ဆိုင်ထားကြပါတယ်။

၁၀ ရက်နေ့က ချစ်ချစ်တုန်လေးရဲ့ ဆယ့်တစ်လ ပြည့်မွေးနေ့လေးကို အာဇာနည်တို့ အိမ်မှာ မိသားစုတွေနဲ့ small birthday လေးကျင်းပခဲ့ကြပါတယ်။ချစ်ချစ်တုန်လေးက အရမ်းချစ်စရာကောင်းလွန်းလို့ ပရိတ်သက်တွေက ချစ်တုန်လေးကို အရမ်းချစ်နေကြတာပါ။အကြီးလေး ဖစ်ဖစ်တုန်ကလည်း သူရဲ့ညီလေးကို အရမ်းချစ်ပါတယ်။ချစ်ချစ်တုန်လေးမွေးနေ့မှာ ချစ်ချစ်တုန်လေးရဲ့ ချစ်စရာပုံလေးတွေကို အားပေးရင်း အချစ်တွေတိုးကြရအောင်နော်။

Source:Zarni Myonyunt

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။