နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် စိုင်းစိုင်းကတော့ အနုပညာအလုပ်တွေကို တစ်စိုက်မတ်မတ်လုပ်ရင် သူငယ်ချင်းတွေနဲ့ အတူ ပျော်စရာအချိန်တွေကို ကုန်ဆုံးနေသူတစ်ဦးဆိုတာ ပရိတ်သတ်တွေလည်း သိပြီးသားဖြစ်မှာပါ။ စိုင်းစိုင်းက သူရဲ့ အချစ်တွေအားလုံးကို ယခုအချိန်မှာတော့ သူအရမ်းချစ်ရတဲ့ ပရိတ်သတ်တွေဆီမှာ အပ်နှင်းထားပါတယ်။ လတ်တလောမှာတော့ " ရည်းစားတစ်ဝမ်းကွဲ "ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးထားပြီး ပရိတ်သတ်တွေ တဝါးဝါးရယ်မောရမယ် အချစ်ဟာသ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။

တစ်ချိန်က ပရိတ်သတ်တွေ သိကျတဲ့ စိုင်းစိုင်း နဲ့ ရွှေကစ်လေးတို့ အတွဲလေးကတော့ လမ်းခွဲပြီး နောက်ပိုင်းမှာ တစ်ယောက်နဲ့ တစ်ယောက်အရမ်းကို အေးစက်တဲ့ အကြည့်တွေနဲ့ အချစ်ရိပ်တွေကို မမြင်တွေ့ရတော့ပါဘူး။ ဒါပေမဲ့ ယခုချိန်ထိ လူပျိုကြီး အဖြစ် ရပ်တည်နေတဲ့ စိုင်းစိုင်းကတော့ ပရိတ်သတ်တွေကြားမှာ ကစ်နဲ့ ပတ်သတ်ပြီး ထင်ကြေးပေးစရာတွေ အများအပြားဖြစ်လာခဲ့ပါတယ်။ အချစ်အကြောင်းတွေကို အရမ်း Feel တတ်ပြီး နှုတ်ခမ်းနီမလေးတွေ ကြွေလောက်အောင် Ro တတ်တဲ့ စိုင်းစိုင်းကတော့ ပရိတ်သတ်တွေကြားမှာ အရမ်း Feel တတ်တဲ့ လူပျိုကြီး ဖြစ်လို့နေပါတယ်။

ယခုလည်း အရမ်းကို Ro ဆန်တဲ့ စကားလေးကို ဆိုရင်း နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းတွေ တဖြုတ်ဖြုတ် ကြွေခဲ့ရပြန်ပါပြီ။ " ဘယ်နေ့ကစတွေ့လဲ မမှတ်မိဘူး ဘာနှစ်ပတ်လည်နေ့မှ မရှိဘူး ဘယ်လောက်ကြာပြီလဲ မသိဘူး ဘယ်လောက်ဂရုစိုက်သလဲ မပြောတတ်ဘူး အများသူငါတွေလို ဘာ ရိုမန်တစ်မှ မဖြစ်ဘူး ငါသိတာတစ်ခုက - ငါနင့်ဆီ ဖုန်းမဆက်တဲ့ မနက် ငါနင့်ကို ဖုန်းမဆက်တဲ့ ည အခုထက်ထိ မရှိဘူး" ဆိုပြီး နှလုံးသားထဲက စကားလုံးတွေ ပေါက်ကွဲခဲ့တာပါနော်။ ကိုစိုင်းတစ်ယောက် ဘာတွေ feel နေတယ်ဆိုတာ မေးကြည့်ပါအုံး ပရိတ်သတ်ကြီးရေ....။

Source:Sai Sai Kham Leng

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။