သမ္မတ ဦးထင်ကျော် နိုင်ငံတာဝန် စတင်ထမ်းဆောင်ပြီး  ၆လလောက် အကြာမှာ ခုလို ပြည်သူလူထုတွေ အွန်လိုင်း ကနေဆက်သွယ်တိုင်ကြားနိုင်ဖို့ လုပ်ဆောင်လိုက်တာဖြစ်ပြီး ယခင် သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်ကလည်း အလားတူ လုပ်ဆောင်ခဲ့ဖူးပါတယ်။ တိုင်စာပေးပို့လိုသူတွေအနေနဲ့ နိုင်ငံတော်သမ္မတရုံးအွန်လိုင်း www.president-office.gov.mm  ကို ကွန်ပြူတာသို့မဟုတ် မိုဘိုင်းဖုန်းကနေဝင်ရောက်ပြီး နိုင်ငံတော်သမ္မတထံပေးစာ (စာအိတ်ပုံ အမှတ်အသား)ကို နှိပ်ကာ အချက်အလက်တွေ ဖြည့်သွင်းပေးပို့ရမှာပါ။

အချက်အလက်တွေ အပြည့်အစုံထည့်သွင်းမှ နောက်တစ်ဆင့် ဆက်သွားနိုင်မှာဖြစ်ပြီး အထူး သဖြင့် မိုဘိုင်းဖုန်းနံပတ်ကို မှန်မှန်ကန်ကန်  ဖြည့်သွင်းဖို့ လိုအပ်မှာဖြစ်ပါတယ်။ မိုဘိုင်းဖုန်းနံပတ် မှားယွင်းဖြည့်သွင်းထားပါက ပေးပို့တဲ့ SMS Codeနံပါတ် ရရှိမှာ မဟုတ်ဘဲ မိမိမိုဘိုင်းဖုန်းကို ဝင်ရောက်လာတဲ့  ကုဒ်နံပါတ်ကို ဖြည့်စွက်ပြီး  ပြန်လည်ပေးပို့ရမှာပါ။ အချက်လက်ဖြည့်စွက်တဲ့ လုပ်ဆောင်ချက်တွေအားလုံး မှန်ကန်ပါက တင်ပြစာ ပေးပို့မှု အဆင့်တွေ ပြီးစီးသွားပြီဖြစ်ပြီး နိုင်ငံတော်သမ္မတရုံးက ဆက်လက် ဆောင်ရွက်ပေးသွားမယ်လို့ လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

Source : DVB

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။