မင်းသမီးလေး ယွန်းဝတီလွင်မိုးကတော့ လက်ရှိမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိနေကြောင်း သူရဲ့ My Story က ဗီဒီယိုလေးတွေကတစ်ဆင့် သိရှိပါတယ်။ Facebook ထက် instagram ကိုသာ ပိုမိုအသုံးပြုလေ့ရှိတဲ့ ယွန်းက သူမရဲ့တစ်နေ့တာလှုပ်ရှားမှုတွေက Ig story ကနေ ပရိသတ်တွေကို ပြန်လည်မျှဝေလေ့ရှိတာ ဖြစ်ပါတယ်။ အခုလည်း ယွန်းက ခင်ပွန်းနဲ့အတူ နှစ်ယောက်တည်းလျှောက်လည်နေတဲ့ ပုံရိပ်လေးတွေကို အသစ်တင်ထားပါတယ်။

ယွန်းတို့ဇနီးမောင်နှံကတော့ လက်ထပ်ထိမ်းမြားခဲ့ကြပြီးနောက်ပိုင်းမှာ သြစတေးလျမှာ ကျောင်းတက်နေထိုင်ခဲ့ကြပါတယ်။ သားလေးရရှိလာတဲ့အခါမှာတော့ သူမတို့မိသားစုလေးက မြန်မာပြည်ကို ပြန်လာခဲ့ပြီး မိသားစုနဲ့အတူ နေထိုင်နေကြတာ ဖြစ်ပါတယ်။ အခုတော့ အရမ်းကို လိုက်ဖက်ညီကြတဲ့ ယွန်းတို့ဇနီးမောင်နှံက သားလေးမပါဘဲ နှစ်ယောက်တည်း ဘန်ကောက်ခရီးစဉ်လေးကို ထွက်ရှိရင်း ပျော်ရွှင်နေကြတာ တွေ့ရပါတယ်။

ယွန်းက သူမတို့စုံတွဲလေးရဲ့ လှုပ်ရှားမှုလေးတွေကို ဗီဒီယိုလေးတွေနဲ့ တင်ထားတာ ဖြစ်ပါတယ်။ ဘန်ကောက်မှာရှိတဲ့ နာမည်ကြီး " Somboon Seafood Restaurant - Surawong" ဆိုင်လေးမှာ နှစ်ယောက်အတူ စားသောက်ရင်း ဘန်ကောက်ရဲ့ညအလှတွေကိုလည်း တစ်ဝကြီးခံစားခဲ့ကြပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အရမ်းကို Romantic ဆန်တဲ့ ယွန်းဝတီလွင်မိုးတို့စုံတွဲရဲ့ ဗီဒီယိုဖိုင်လေးကို အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Yun Waddy;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။