နိုင်ငံကျော် အနုပညာရှင် အဆိုတော် တစ်ဦးဖြစ်တဲ့ ပရိတ်သတ်တွေရဲ့ အချစ်တော် အေသင်ချိုဆွေဟာဆိုရင် အနုပညာအလုပ်တွေနဲ့ ဝေးကွာနေရမှ ပရိတ်သတ်တွေဆီကို ပုံစံ အသစ်နဲ့ ထပ်မံရောက်ရှိလာတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။ Single Mother အဖြစ်နဲ့ ဟန်ဆောင်မှုတွေပြည့်နေတဲ့ ပတ်ဝန်းကျင်မှာ ရုန်းကန်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ အေသင်ကတော့ ယုံကြည်ချက်အပြည့်နဲ့ Singler mother အဖြစ် သမီးလေးရဲ့ အနာဂတ်ကို အကောင်းဆုံးဖြစ်အောင် ပုံဖော်ပေးနေတဲ့ မိခင်ကောင်းတစ်ဦးပဲ ဖြစ်ပါတယ်။  

သမီးလေးအတွက်လှပတဲ့ အနာဂတ်တစ်ခုကို တည်ဆောက်ပေးနေသလို သူမရဲ့ ရဲရင့်တဲ့ စိတ်ဓာတ်နဲ့ အနုပညာအလုပ်တွေကိုပြန်လည်လုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။ အေသင်ချိုဆွေကတော့ ခက်ခဲ့ကြမ်းတမ်းတဲ့လမ်းတွေများစွာကို နင်းလျှောက်ခဲ့ပြီး လက်ရှိသာယာပျော်ရွှင်စရာဘဝတစ်ခုကို ကြံကြံခိုင်အောင် တည်ဆောက်နေသူတစ်ယောက်လည်းဖြစ်ပါတယ်။ လက်တလော သီချင်းခွေအသစ်အတွက် ပြင်ဆင်မှုတွေပြုလုပ်နေပြီး ပြည်တွင်းပြည်ပ ရှိုးပွဲတွေကိုလည်း မကြာခဏသွားရောက်ဖျော်ဖြေတက်သူတစ်ယောက်လည်းဖြစ်ပါတယ်။  

ဒီကနေ့ အေသင်ကတော့သူမရဲ့ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် ဘုရားရောက်ပုံရိပ်လေးတွေကို ပြသထားတာတွေ့ရပါတယ်။ အဆိုပါ ပုံရိပ်လေးတွေနဲ့အတူ

"ကျွန်မက ဘုရားစူးတရုတ်ကပြားမလေးဆိုတာ ယုံလိုက်ပါ ......

................. စကားမစပ် အခုတလောကျွန်မလှနေသလားလို့ဟီးဟီး" ဟူ၍လည်း ရေးသားထားတာတွေ့ပါတယ်။ ရိုးသားဖြူစင်ပြီး မိသားစုအတွက်တကိုယ်တည်းကြိုးစားရုန်းကန်နေတဲ့ အေသင်ချိုဆွေရဲ့ ဒီကနေ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - Athen Cho Swe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။