မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ လက်ရှိမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို မင်းသား ညီထွဋ်ခေါင်နဲ့အတူ ရောက်ရှိနေတာ တေ့ွရပါတယ်။ ဒီနေ့နေ့လည်မှာပဲ သင်ဇာတို့သူငယ်ချင်းနှစ်ယောက်က ဘန်ကောက်က နာမည်ကြီးဆေးရုံတစ်ခုဖြစ်တဲ့ " Apex Medical Center " ကိုသွားရောက်ပြီး ဆေးကုသမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ကျန်းမာရေးအတွက် သင်ဇာက အေးစက်လှတဲ့ အအေးခန်းထဲကို Two Piece ဝတ်စုံနဲ့သာ ဝင်ရောက်ခဲ့ရတာ ဖြစ်ပါတယ်။

ဘန်ကောက်အထိ လေယာဉ်စီးပြီးသွားရောက်ခဲ့တဲ့ သူမတို့နှစ်ယောက်က Ice Lab လို့ခေါ်တဲ့ အအေးငွေ့တွေ ဆက်တိုက်ထွက်ရှိနေတဲ့ အအေးခန်းထဲကို ဝင်ရောက်ပြီး ကုသမှုခံယူခဲ့ကြတာ ဖြစ်ပါတယ်။ သင်ဇာက သူမရဲ့အတွေ့အကြုံလေးတွေကိုတော့ facebook မှာ ပုံလေးတွေနဲ့အတူ '' Re energizing myself. Enjoying the amazing ice lab by German Technology. LOVE it " ဆိုပြီး ပြန်လည်ဝေမျှထားတာ တွေ့ရပါတယ်။

အဲ့ဒီနောက်မှာ သူမတို့နှစ်ယောက်က အတွေ့အကြုံတွေကို ပြန်လည်ဖလှယ်ရင်း အင်တာဗျူးလေးတွေလည်း ရိုက်ကူးခဲ့ကြပါသေးတယ်။ ဂျာမန်နည်းပညာနဲ့ ပြုလုပ်ထားတဲ့ Ice Lab ကို ဝင်ရောက်တဲ့အခါမှာ သင်ဇာက Bikini ဝတ်စုံလေးကို ဝတ်ဆင်ပြီး ဝင်ရောက်ခဲ့တာကြောင့် ပရိသတ်တစ်ချို့ကတော့ ဝေဖန်မှုတွေပြုလုပ်ခဲ့တာလည်း တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သင်ဇာနဲ့ ညီထွဋ်ခေါင်တို့ရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Thin Zar Wint Kyaw;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။