အဖေဆိုတာ ကိုယ့်သွေးသားဖြစ်သူ သားသမီးတွေကို အကောင်းဆုံးနေရာမှာနေနိုင်ဖို့အတွက် တစ်ဘဝလုံးအချိန်ကုန်ပစေ စွန့်လွှတ်အနစ်နာခံနိုင်သူပါ။ သားသမီးတွေရဲ့ဘဝမှာ အဖေဆိုတာ သူတို့ရဲ့ စူပါဟီးရိုးတစ်ယောက်လို့ပြောရလောက်အောင် အရွယ်ရောက်လာတဲ့အချိန်ထိ ကိုယ့်ကိုကိုယ်ရပ်တည်နိုင်အောင် ခွန်အားတွေပေးနိုင်ခဲ့သူပါ။

ဒီမှာတော့ လက်တစ်ဖက်တည်းသာရှိတဲ့ဖခင်ဖြစ်သူဟာ သားဖြစ်သူကို အကောင်းဆုံးကြိုးစားပြီး ကျောင်းထားနိုင်ခဲ့ပါတယ်။ ကျောင်းထားရုံတင်မကဘဲ ဘွဲ့ရပညာတတ်တစ်ဦးဖြစ်တဲ့အထိ ပြုစုကျွေးမွေးထားနိုင်ခဲ့ပါတယ်။

သားဖြစ်သူဟာ ဘွဲ့ရပြီးနောက် မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်ခဲ့တဲ့ သူ့ဘဝရဲ့တစ်ဦးတည်းသော လူစွမ်းကောင်းဖခင်ဖြစ်သူကို မြေကြီးပေါ်ပြားပြားဝပ် ရှိခိုးကန်တော့နေတဲ့ပုံဟာ အင်တာနက်မှာပြန့်လာပြီးနောက် လူအများအပြားဟာ ဝမ်းနည်းပီတိဖြစ်စွာနဲ့ အဆိုပါပုံကို ဆက်လက်မျှဝေခဲ့ကြပါတယ်။ သားသမီးဖြစ်သူတိုင်းဟာ သူတို့ဘဝကိုအကောင်းဆုံးဖြစ်အောင် ပံ့ပိုးပေးနေတဲ့ ဖခင်ဖြစ်သူကို တန်ဖိုးထားလေးစားဆက်ဆံသင့်ပါတယ်။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။