ပြိုင်ဘက်တွေကတော့ သူ့ကိုVenomလို့ခေါ်ပါတယ်။ အဓိပ္ပါယ်ကတော့ အဆိပ် ပေါ့ဗျာ။ ဒါပေမယ့်သူ့နာမည်အရင်းကတော့ Florian Kohlerပါ။ ပြင်သစ်အရှေ့ပိုင်းဒေသမှာကြီးပြင်းခဲ့သူတစ်ယောက်ပါ။ Kohlerဟာ အသက်(၁၈) နှစ်ရောက်တဲ့ထိ ဘိလိယက်ကိုမကစားခဲ့ပါဘူး။ ဒါပေမယ့် သူရဲ့ (၁၉) နှစ်မြောက်မွေးနေ့မှာ သူ့မိဘတွေက သူတို့မသုံးတော့တဲ့ ဘိလိယက်ခုံကို သူ့သားကိုမွေးနေ့လက်ဆောင်ပေးခဲ့ပါသတဲ့။

ဒီနောက်မှာတော့ Kohlerဟာ အင်တာနက်ကနေ ဘိလိယက်နဲ့ပတ်သတ်တဲ့သင်ခန်းစာတွေကို လေ့လာ အတုခိုး လေ့ကျင့်ခဲ့ပါတယ်။ လက်ဦးဆရာတွေလို့ပြောရမယ့် အင်တာနက်ပေါ်ကဆရာတွေကတော့ Mike Masseyနဲ့ Semih Sayginerတို့ပဲဖြစ်ပါတယ်။ပါရမီပါတယ်လို့ပဲပြောရမလားပဲ အင်တာနက်ပေါ်ကလေ့လာချက်တွေကို လက်တွေ့လေ့ကျင့်ရင်း အရမ်းကိုတိုးတက်လာခဲ့ပါတယ်။ ဒီနောက်မှာတော့ ကိုယ်ပိုင်ကစားကွက်ပုံစံတွေကို တီထွင် လေ့ကျင့်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အထူးသဖြင့် ဘောလုံးကို ခုန်အောင်ထောက်ပြီး ထိုးတဲ့နေရာမှာ သူဟာကျွမ်းကျင်အဆင့်ရောက်ခဲ့ပါတယ်။

သူ့ရဲ့ကစားကွက်အဆန်းတွေနဲ့ပြိုင်ပွဲတွေလည်း ဝင်ပြိုင်ခဲ့သလို ဆုများလည်းရရှိခဲ့ပါတယ်။ သူ့ရဲ့ ဘိလိယက်ကစားတဲ့ဗီဒီယိုကိုလည်း ရိုက်ပြီးတင်ခဲ့ရာမှာ တစ်ကမ္ဘာလုံးကအရမ်းကို အားပေးခဲ့ကြပါတယ်။ ကမ္ဘာ့ဘိလိယက်ဘုရင်တွေကတော့ Kohlerနဲ့ပတ်သတ်ပြီးအရမ်းကိုမျက်ခုံးလှုပ်နေကြပါတယ်။ သူ့ရဲ့ကျွမ်းကျင်တဲ့ ဘိလိယက်ထိုးတဲ့ ပညာကြောင့် သူပြန်လည်အသတ်ခံနိုင်ရလောက်တဲ့အနေအထားမှာရှိပါတယ်။ ဒါပေမယ့်တော်ရုံနဲ့တော့ ဘယ်သူမှသူ့ကိုထိလို့ရမှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ သူ့မှာပရိတ်သတ်ကြီး မသိသေးတဲ့ အချက်တစ်ချက်ရှိနေလို့ပါ။အဲ့ဒါကတော့ သူဟာ ဂျူဒို အားကစားမှာလည်း ခါးပတ်နက်ရထားတဲ့ ဆရာတစ်ယောက်ဖြစ်နေလို့ပါပဲ။ 

Source : Venom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။