ပရိသတ်ကြီးရေ.. မိတ်ကပ်ညီညီမောင်ကတော့ ပွင့်လင်းတဲ့စကားပြောဟန်ပန်လေးတွေနဲ့ အမူအရာလေးတွေကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ ပရိသတ်တွေရဲ့ အချစ်တော်တစ်ဦးပါပဲ..။

မှော်ဆန်တဲ့ မိတ်ကပ်ပြင်ဆင်မှုလေးတွေနဲ့ နာမည်ကျော်မိတ်ကပ်ပညာရှင်အဖြစ် အနုပညာရှင်တွေရဲ့ လက်စွဲတော်မိတ်ကပ်ပညာရှင်အဖြစ် အောင်မြင်နေပြီး သူမရဲ့ ရယ်စရာ အခွီဗီဒီယိုဖိုင်လေးတွေကလည်း ပရိသတ်တွေအကြား အမြဲရေးပန်းစား အချစ်ပိုစေတာလည်း ဖြစ်ပါတယ်..။

သူမရဲ့ အခွီဗီဒီယိုဖိုင်လေးတွေကလည်း ပရိသတ်တွေကို အမြဲပျော်ရွှင်ရယ်မောစေပြီး အချစ်ပိုစေသလို အခုတစ်ခါမှာလည်း ရည်းစားစကားပြောတာကို ပဲများပြီးမူခဲ့တဲ့ အခွီဗီဒီယိုဖိုင်လေးတစ်ခုကို ပရိသတ်တွေအတွက် ထပ်မံမျှဝေပေးလိုက်ပါတယ်..။

ရည်စားစကားပြောခံရတဲ့အချိန်မှာ အမူလွန်ခဲ့လို့ အလွဲလေးတွေ ဖြစ်ခဲ့ရတဲ့ သုသုရဲ့ ဗီဒီယိုဖိုင်လေးကတော့ တကယ်ကို ချစ်စရာလေးနဲ့ ပရိသတ်တွေကို သဘောကျစေပါတယ်နော်..။

ပရိသတ်တွေရဲ့ အသက်ရှည်ဆေးလေးအဖြစ် တင်စားရလောက်အောင် ချစ်ဖို့ကောင်းတဲ့ ရယ်စရာ အခွီဗီဒီယိုဖိုင်လေးတွေနဲ့ အရယ်ပြုံးပျော်ရယ်မောအောင် လုပ်လေ့ရှိတဲ့ ညီညီမောင်ကတော့ အနုပညာရှင်အသိုင်းအဝိုင်းတွေအပြင် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတာသူပဲ ဖြစ်ပါတယ်..။

ညီညီမောင်ကတော့ မကြာခင်မှာ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးတော့မှာဖြစ်ပြီး အဲ့ဒီဇာတ်ကားထဲမှာတော့ ညီညီမောင်အပြင် မိတ်ကပ်ပညာရှင်တွေဖြစ်ကြတဲ့ ခင်စန်းဝင်း၊ မထက်၊ လင်းလင်း တို့ကလည်း အတူ ပါဝင်သရုပ်ဆောင် ရိုက်ကူးသွားမှာမို့ ဘယ်လို ဇာတ်ကောင်ကာရိုက်တာတွေနဲ့ ရောက်ရှိလာမလဲဆိုတာ ရင်ခုန်စွာ စောင့်မျှော်အားပေးလိုက်ရအောင်နော်..။

Photo - ညီညီမောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။