Wayne Rooney နဲ့ သူ့ဇနီး Coleen Rooney တို့ကို Donald Trump က အိမ်ဖြူတော် ပါတီကိုတက်ရောက်ရန် သူကိုယ်တိုင်ဖိတ်ကြားခဲ့ပြီး သူတို့ရဲ့ကလေး ၄ယောက် ဖြစ်တဲ့ Kai(၉နှစ်)၊ Klay(၅နှစ်)၊ Kit(၂နှစ်) နဲ့ Cass(၉လသား) တို့လဲပါဝင်ခဲ့ပါတယ်။ Trumpက "Wanye ဟာ D.C United ရဲ့ကြီးမားတဲ့ နာမည်ဖြစ်ပြီး ဘာလို့ဖိတ်ကြားရတာလဲဆိုတော့ သူရဲ့သား Barronဟာ Rooney ရဲ့ Fan ဖြစ်ပြီး Rooney ရဲ့အသင်းကိုလဲအားပေးသော်ကြောင့် ဖြစ်တယ်"လို့ ပြောကြားခဲ့ပါတယ်။ 

Rooney ဟာ သူမိသားစုနဲ့အတူ အိမ်ဖြူတော်မှာ Christmas ပွဲပါတီကိုတက်ရောက်ခဲ့ပါတယ်။ အဲ့ပါတီပွဲရဲ့အပြင်အဆင်ကိုတော့ Donald Trump ရဲ့ဇနီးဖြစ်သူ Melania Trump ကိုယ်တိုင် ပြင်ဆင်ခဲ့ပါတယ်။ ထိုလိုပြင်ဆင်ခဲ့ပုံကိုလူအများကလဲ ချီးကျူးကြပါတယ်။ Wanye မိသားစုဟာလဲပျော်ရွှင်စွာပဲ ဝင်ရောက်ဆင်နွှဲခဲ့ပါတယ်။တခြားသောအနုပညာရှင်အချို့လဲပါဝင်ခဲ့ကြပါတယ်။

Ronneyဟာ ၂၀၀၂ ကနေ ၂၀၀၄ ထိEverton မှာအရင်ဆုံဘောလုံးလောကကို စတင်ဝင်ရောက်ခဲ့ပါတယ်။ ထို့နောက် ၂၀၀၄ကနေ ၂၀၁၇ ထိ မန်ယူမှာကစားကာ ၂၀၁၇ကနေ ၂၀၁၈ မှာတော့ Everton မှာပြန်ကစားခဲ့ပါတယ်။သူဟာခုဆိုရင်တော့ D.C United မှာကစားနေပါတယ်။ သူဟာ အသက်ကြီးသွာပေမဲ့ ဘောလုံးဆွဲဆောင်ရည်တော့မကျသေးပါဘူးဗျာ..။ 

Source : Mirror New

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။