ပရိတ်သတ်ကြီးရေ... အနုပညာလောကမှာ အရမ်းကို အောင်မြင်နေပြီး ပရိတ်သတ်တွေချစ်ကြတဲ့မင်းသမီးတစ်လက်ဖြစ်တဲ့ အေးမြတ်သူဟာ လတ်တလောမှာ အမိုက်စား sexyဆန်ဆန် ဖက်ရှင်လေးတွေနဲ့ပွဲလေးတွေကို တက်ဖြစ်နေပါတယ်။ သူမပါဝင် သရုပ်ဆောင်ထားတဲ့ "နောင်တွင်ဥဒါန်းတွင်စေသတည်း" ရုပ်ရှင်ဇာတ်ကားကြီးမှာလည်းမကြာခင်မှာ ရုံတင်ပြသတော့မှာဖြစ်သလို ဒီကားထဲမှာ မြတ်လေးရဲ့ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကြောင့် အကယ်ဒမီ notice လည်းအပေးခံခဲ့ရပါတယ်။

ဒီရက်ပိုင်းမှာမြတ်လေးဟာ ISUZU showroomဖွင့်ပွဲနဲ့ ကားသစ်မိတ်ဆက်ပွဲကို အမိုက်စားဒီဇိုင်း အကြမ်းစားဖက်ရှင်နဲ့တက်ရောက်ခဲ့ပါတယ်နော်။ ပြီးတော့ ဒီပွဲမှာ မီဒီယာတွေမေးမြန်းခဲ့တဲ့ အင်တာဗျူးမှာလည်း သူငယ်ချင်းဖြစ်သူမိုးအောင်ရင်အတွက် ဝမ်းနည်းကြောင်းနဲ့ အားပေးစကားတွေကိုပြောသွားခဲ့ပါတယ်။"မမှားဘူးမဟုတ်ဘူး သူမှားပါတယ် ဒါပေမယ့်သူမှားတဲ့အမှားနဲ့သူပြန်ပေးဆပ်ရတဲ့အရာနဲ့ အေးမြတ်သူကတော့ လူငယ်တစ်ယောက်အနေနဲ့ ဘဝကြီးအများကြီး အချိန်တွေအများကြီးပေးရမှာကို နှမြောတယ် မတန်ဘူးလို့ခံစားရတယ်"ဆိုပြီး မချိမခံသာလေးဖြစ်ကာ အရည်အချင်းရှိတဲ့အနုပညာရှင်တစ်ယောက်ကို နှာမြောမိကြောင်းဆိုသွားခဲ့ပါတယ်။

သူငယ်ချင်းဖြစ်သူမိုးအောင်ရင်ကိုလည်း အားမငယ်ဖို့အားပေးကာ အပြစ်ဒဏ်ကျခံနေရစဉ်ကာလအတွင်း "စာတွေအများကြီးဖတ်လို့ရတယ် ကိုယ့်ကိုယ်ကိုတည်ဆောက်လို့အများကြီးရတယ် ရင့်ကျက်ဖို့အတွက်၊နောက်ဆယ်နှစ်ကျော်မှာဖြစ်လာမယ့်planတွေကိုစဉ်းစား စိတ်တည်ငြိမ်ဖို့အတွက်တရားတွေ ခန္တာကိုယ်ကျန်းမာကြံ့ခိုင်ဖို့တွေကို ဦးစားပေးပြီးလုပ်စေချင်ပါတယ်"ဆိုပြီးလည်း သူငယ်ချင်းကောင်း စိတ်ဓာတ်အပြည့်နဲ့ အားပေးနှစ်သိမ့်ထားပါသေးတယ်။ နောက်ဆုံအနေနဲ့မိုးအောင်ရင်ကို "စိတ်ဓာတ်ကျနေလို့ဘာမှမထူးဘူးလေ ထပ်ပြီးတိုက်ပွဲဝင်ရမှာပေါ့"ဆိုပြီးအားပေးစကားဆိုထားပြန်ပါတယ် ပရိတ်သတ်ကြီးရေ....

Source : Myanmarload TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။