ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသားချော ညီထွဋ်ခေါင်ကတော့ လတ်လောမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိနေပြီး လျှောက်လည်ခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကို အလွမ်းပြေအောင် တင်ပေးလိုက်ပြန်ပါတယ်..။

အခုတစ်ခါမှာလည်း ထိုင်းနိုင်ငံရဲ့ အထင်ကရမြို့တော်ဖြစ်တဲ့ ဘန်ကောက်မှာရှိတဲ့ King Power Mahanakhon မှာ အလည်အပတ်လျှောက်လည်ရင်း အမှတ်ဓာတ်ဖမ်းခဲ့တဲ့ အခွီဓာတ်ပုံလေးတွေနဲ့အတူ Live လွှင့်ပြီးတော့လည်း ပရိသတ်တွေကို မျှဝေထားပါသေးတယ်..။

ပြီးခဲ့တဲ့ နိုဝင်ဘာလကမှ စတင်ဖွင့်လှစ်ထားတဲ့ King Power Mahanakhon ဟာ အထပ်ပေါင်း (၇၈)ထပ်ရှိပြီး ဘန်ကောက်တစ်မြို့လုံး ကိုလည်း မြင်တွေ့ရတာမို့ ချစ်ရတဲ့ပရိသတ်တွေကိုလည်း သာယာလှပတဲ့ ရှု့ခင်းလေးကို မျှဝေချင်တာမို့ အခုလို Live လွှင့်ပေးတာပါဆိုပြီးတော့လည်း ညီထွဋ်ခေါင်က ပြောပြထားပါတယ်နော်..။

သူ့ရဲ့ အခုလို ဘန်ကောက်ခရီးစဉ်မှာ အချစ်ဆုံး bff သူငယ်ချင်းတွေဖြစ်ကြတဲ့ ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးမပါလာလို့ ကြိတ်မနိုင် ခဲမရတွေ ဖြစ်နေပါသေးတယ်နော်..။

King Power Mahanakhon ရဲ့ မှန်အဆောက်အဦးပေါ်မှာ ကြောက်နေတဲ့ပုံစံလေးနဲ့ ဓာတ်ဖမ်းခဲ့တဲ့ သူ့ရဲ့ အခွီဓာတ်ပုံလေးတွေကိုလည်း ညီထွဋ်ခောင်က ပရိသတ်တွေကိုပြန်လည်မျှဝေထားပြီး “ကြောက်...တာာ...ဗျာာာ...

တစ်ယောက်ထဲ ဗရမ်းဗတာတွေ ဖြစ်နေတာာ..” စပြီးတော့လည်း စနောက်ထားပါသေးတယ်..။

သရုပ်ဆောင် ညီထွဋ်ခေါင်ကတော့ သရုပ်ောဆင်အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားသလို ပျော်ပျော်နေတတ်တဲ့ ပရိသတ်အချစ်တော် ဆယ်လီအနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်နော်..။

Photo - ညီထွဋ်ခေါင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။