မကြာသေးမီကမှာ ဆိုးဆိုးရွားရွားသတ်ဖြတ်ခြင်းခံခဲ့ရတဲ့ မွန်ပြည်နယ် မုဒုံမြို့နယ် တာပသွန်းကျေးရွာရှိ ခွေးဂေဟာတည်ထောင်သူတစ်ဦးရဲ့ သေဆုံးမှုသတင်းကိုအားလုံးလည်း ကြားသိခဲ့ကြမယ်ထင်ပါတယ်။ သေဆုံးမှုကိုစစ်ဆေးချက်များအရ ပြင်းထန်တဲ့ပုဆိန်ဒဏ်ရာနှင့် တုတ်ဒဏ်ရာတွေကြောင့်သေဆုံးခဲ့တာဖြစ်ပြီး သေဆုံးသူမှာ "ဖြူစင်သောအလှူ" ပရဟိတအဖွဲ့ဦးဆောင်သူ ဦးကြည်မိုးချစ်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရှာဖွေစစ်ဆေးမှုတွေပြုလုပ်ခဲ့ရာ တရားခံလို့ယူဆရသူ ဦးစိုးမင်းအောင် (၃၅)နှစ်ကိုမုဒုံမြို့မရဲစခန်းက (ပ) ၁၉၅၉ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ (လူသတ်မှု)ဖြင့်အမှုဖွင့်၍ တရားစွဲဆိုတင်ပို့နိုင်ရန်ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး " ဒီဇင်ဘာလ ၁၁ ရက် ညနေ ၅ နာရီချိန်ခန့်က ဦးကြည်မိုးချစ်၏ အလုပ်သမား စိုးမင်းအောင်(၃၅)နှစ်သည် အပြင်မှ အရက်သေစာသောက်စားကာ နေအိမ်သို့ရောက်ရှိလာခဲ့ပြီး ဇနီးဖြစ်သူ မသင်းသင်းခိုင်(၃၃)နှစ်နှင့် နေအိမ်ပေါ်တွင်စကားများရန်ဖြစ်ကြကြောင်းသိရတယ်။ ၎င်းနောက် နေအိမ်အောက်သို့ စိုးမင်းအောင်ပြန်လည်ဆင်းလာချိန်တွင် အလုပ်ရှင်ဖြစ်သူ ဦးကြည်မိုးချစ်က ယင်းအားခွေးစာကျွေးရန်ခေါ်သည်ကို မသွားဘဲ "ခင်ဗျာဘာလူပါးဝတာလဲ ပိုက်ဆံပေးပြီးခိုင်းတယ်ဆိုပြီးလူပါးဝတာလား" ဟုဆို၍ ဦးကြည်မိုးချစ်အား ဝင်ရောက်လုံးထွေသတ်ပုတ်ခဲ့သည်ဟုစစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း" သိရပါတယ်။  

အထက်ပါအတိုင်း ဖြစ်နေချိန်တွင် ဇနီးဖြစ်သူ မသင်းသင်းခိုင်က ခင်ပွန်းဖြစ်သူအား "အလုပ်ရှင် ကျေးဇူးရှင်ကို မလုပ်ရန် လုပ်ပါက ကိုယ်ကိုကိုယ်သတ်သေမယ်"လို့ချိန်းခြောက်ပြောဆိုခဲ့သဖြင့် ရန်ပွဲရပ်တန့်သွားခဲ့ကြောင်း၊ထို့နောက် ဦးကြည်မိုးချစ်က စိုးမင်းအောင်အား အပြင်သို့လိုက်ခဲ့ရန်ခေါ်သောကြောင့် စိုးမင်းအောင်သည် ၎င်းအနီးရှိ ပုဆိန်ကိုယူ၍ လိုက်သွားခဲ့ရာ ခြံဝအနီးရော်ဘာခြံအရောက်တွင် ထပ်မံစကားများကြေသောကြောင့် စိုးမင်းအောင်ကအသင့်ပါလာသောပုဆိန်ဖြင့် ဦးကြည်မိုးချစ်အား ခုတ်သတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ အဆိုပါ သေဆုံးသူ ဦကြည်မိုးချစ်ကတော့ ခွေးလေခွေးလွင့် အကောင်၄၀၀ခန့်ကို ပြုစုထိန်းသိန်းစောင့်ရှောက်နေသူတစ်ဦးဖြစ်ကြောင်း သိရပါတယ်။ ခဏတာဒေါသစိတ်ကြောင့် ဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့တဲ့ အဆိုပါဖြစ်စဉ်ကို ပရိသတ်တွေလည်း စံနမှုနာယူနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

Source - Pyi Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။