Manchester United ဟာဆိုရင် Premier Leagueမှာ ၁၆ ပွဲကစားထားပြိး ဂိုးပေါင်း ၂၆ ဂိုးသွင်းထားကာ အဆင့်၆နေရာမှာ ရပ်တည်နေပါတယ်။ သူတို့ဟာ Champion Leagueမှာလဲ အုပ်စုထိပ်ဆုံးမှာရပ်တည်ရန် Valencia နဲ့ပွဲမှာ ၂ဂိုး၁ဂိုးနဲ့ လွဲချော်ခဲ့ပါတယ်။ ခုလာမဲ့ တနင်္ဂနွေနေ့မှာဆိုရင်လဲ Premier League မှာ Liverpool နဲ့ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။

ပထမအကျော့တွင် Man U ဟာအိမ်ကွင်းမှာ Liverpool ကို ၄ဂိုး၁ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ မန်ယူမှာ (Paul) Pogba, (Romelu) Lukaku, (Juan) Mata, (David) de Gea အစရှိတဲ့ ကမ္ဘာအဆင့်ကစားသမားတွေ ရှိနေပေမဲ့လဲ တစ်ယောက်နဲ့တစ်ယောက်က ခြေမတူကြပါတဲ့အတွက် မောရင်ဟိုအတွက်အဆင်မပြေဖြစ်နေပါတယ်။ သူရဲ့ကစားကွက်ကို ခုချိန်မှာပြောင်းလဲဖို့ အတွက်လဲ အဆင်မပြေသေးပါဘူး။

Scotland နည်းပြဖြစ်တဲ့ Gordon Strachan ဟာခုလိုပဲပြောကြားခဲ့ပါတယ်။ " Man Uဟာဒီပွဲအတွက်အဆင့်သင့်ဖြစ်ပြီလို့ ကျွန်တော်မထင်ပါဘူး Mourinho ဟာ Jurgen Klopp နဲ့ Pep Guardiola ကိုမရင်ဆိုင်နိုင်သေးပါဘူး..။ Man U အသင်းဟာ အသင်းကြီးဖြစ်ပေမဲ့လဲ တစ်ဖက်အသင်းတွေဖြစ်တဲ့ Liverpool နဲ့ Man City အသင်းတို့ဟာ အကွက်ကျကျ ကစားနိုင်ပါတယ်" ဟုပြောကြားခဲ့ပါတယ်။

Source : Sky Sports 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။