ပရိသတ်ကြီးရေ.. ယနေ့ဒီဇင်ဘာ(၁၅)ရက်နေ့လေးကတော့ အကယ်ဒမီ သရုပ်ဆောင်မင်းသမီးချော စိုးမြတ်နန္ဒာရဲ့ အသက်(၃၉)နှစ်ပြည့် မွေးနေ့ရက်လေးပဲ ဖြစ်ပါတယ်..။

ဒါဒါလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ စိုးမြတ်နန္ဒာကတော့ သူမရဲ့ မွေးနေ့လေးမှာ ချစ်ခင်ရသူလေးတွေနဲ့ မွေးနေ့လေးကို ဖြတ်သန်းခဲ့ပြီး မွေးနေ့မတိုင်ခင် ရက်ပိုင်းအလိုကတည်းက မွေးနေ့အလှူလေးတွေကိုလည်း ကျင်းပပြုလုပ်ခဲ့ပြီး သူမရဲ့ ဒီနှစ်မွေးနေ့လေးမှာတော့ ချစ်ကသူတွေနဲ့အတူ ရေနံချောင်းနဲ့ ပုဂံမှာ ဘုရားတွေဖူးရင်း မွေးနေ့လေးကို ဖြတ်သန်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်..။

ပရိသတ်အချစ်တော် ဝါရင့်အနုပညာရှင်မင်းသမီးချော စိုးမြတ်နန္ဒာကတော့ ဒီကနေ့မှာ ကျရောက်ခဲ့တဲ့ အသက်(၃၉)နှစ်ပြည့် မွေးနေ့လေးမှာ ထူးထူးခြားခြားလေးအနေနဲ့ သူမအသက်(၁၈)နှစ်အရွယ်ကတည်းက ကျင်းပပြုလုပ်ခဲ့တဲ့ ပျော်ရွှင်စရာမွေးနေ့အမှတ်တရပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကို ထုတ်ပြလိုက်ပါတယ်နော်..။

နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ သူမရဲ့ပျော်ရွှင်စရာမွေးနေ့အမှတ်တရတွေထဲမှာ မြန်မာပြည်သူပရိသတ်တွေရဲ့ ရင်ထဲမှာ ယနေ့တိုင်ရှိနေသေးတဲ့ ဦးကျော်ဟိန်းနဲ့ ဒွေးအပြင် အခြားအနုပညာရှင်များစွာကိုလည်း တွေ့မြင်ရတာကလည်း တကယ်ကို အဖိုးတန်တဲ့ အမှတ်တရတွေပါပဲ..။

"ငယ်ငယ်က မွေးနေ့တွေ အများကြီးလုပ်ခဲ့တယ်'

၁၈ နှစ်ကနေ ၂၅ နှစ်ထိ သိပ်ပျော်စရာကောင်းတဲ့ မွေးနေ့တွေ ပိုင်ဆိုင်ခဲ့ဘူးတယ် '

ကမ်းခြေမှာရုပ်ရှင်ရိုက်နေရလို့ မွေးနေ့မလုပ်ဖြစ်တော့ဘူးဆိုပြီး စိတ်ညစ်နေချိန်မှာတောင် မွေးနေ့လုပ်ပေးတဲ့သူ ရှိခဲ့ဘူးတယ်

ချစ်ခင်လေးစားရတဲ့ အကို ကိုရန်လေး နဲ့လဲ မွေးနေ့အတူလုပ်ဖူးတယ်'

ငယ်တဲ့သူပီပီ သိပ်ပျော်ခဲ့တယ်'.." ဆိုပြီး ငယ်စဉ်ကတည်းက သူမရဲ့ပျော်ရွှင်စရာ မွေးနေ့အမှတ်တရလေးတွေကို လွမ်းဆွတ်သတိရမိရင်း ပြန်လည်ပြောပြထားတာပဲ ဖြစ်ပါတယ်..။

အဲ့ဒီနောက်ပိုင်းမှာလည်း "အခုတော့ ......

အခုတော့ ၃၉ နှစ် ....

ပျော်ခဲ့ဖူးခဲ့တော့ ကိုယ့်နောက်ပါမယ့် အလှူပွဲလေးတွေပဲ လုပ်ဖြစ်တော့မယ်.." ဆိုပြီးတော့လည်း မွေးနေ့အလှူလေးတွေ အကြောင်း ပြောပြထားပါသေးတယ်..။

Photo - စိုးမြတ်နန္ဒာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။