အမျိုးသမီးငယ်အား သုံးနှစ်ခန့်ပိတ်လှောင်ထားသူအား အာမခံဖြင့်လွှတ်ပေး

မသီရိအောင်တင်အား ခိုးပြေးပြီးနောက်ပိုင်း သုံးနှစ်ခန့် အခန်းသော့ပိတ်လှောင်ထားမှုဟာ လူထုစိတ်ဝင်စားနေတဲ့ ကိစ္စရပ်တစ်ခုဖြစ်နေပါတယ်။ ကျူးလွန်ခဲ့တဲ့ တရားခံ အောင်ထွန်းဟိန်းကို ကနဦးဖွင့်ထားသည့် ပုဒ်မမှ ပုဒ်မ ၄၁၇ ဖြင့် ပြောင်းလဲအမှုဖွင့်ကာ အာမခံပေးလိုက်ကြောင်း သိရပါတယ်။ ဒီသတင်းနဲ့ ပတ်သတ်ပြီး ဝေဖန်မှုတွေများစွာ ထွက်ပေါ်ပြီး တရားမျှတမှုရှိဖို့အတွက် တောင်းဆိုနေကြတာလည်း တွေ့ရပါတယ်။

အသက် ၁၈ နှစ်အရွယ် မသီရိတင်အောင်ကတော့ ယခုလို လိမ်လည်မှုအဖြစ် ပုဒ်မပြောင်းလဲပြီး အာမခံပေးခဲ့ခြင်းနှင့်ပတ်သတ်၍ မကျေနပ်ကြောင်းကို

‘‘အမှုကတော့ ပုဒ်မပြောင်း သွားတဲ့အတွက် မကျေနပ်ပါဘူး။ ညီမကို ထွက်မပြေးဘူးလား၊ အကူအညီမတောင်းဘူးလား ဆိုပြီး ပြောကြတဲ့ အသံတွေကြားပါ တယ်။ အဲဒီအချိန်မှာဘေးမှာရှိတဲ့ သူတွေကလည်း ဘယ်သူမှမကူ ညီခဲ့ပါဘူး။ ဒီလိုမျိုးနောက်လူတွေ မဖြစ်ရအောင် နောက်ဆုံးအခြေအနေအထိ အမှုရင်ဆိုင်သွားမှာပါ။ ညီမ အဲဒီအချိန်ကကြောက် စိတ်အရမ်းရှိပါတယ်။ တချို့က ပြောပါတယ်။ အော်လိုက်ပါလား၊ ထွက်ပြေးဖို့အချိန်ရတာ ထွက်မ ပြေးဘူးလား။ ညီမ အဲဒီအချိန်မှာ ဘယ်လိုတွေနေရတယ်။ ဘယ်လို လူတွေနဲ့ဆက်ဆံရလဲဆိုတာ သိ ရင် ဒီစကားမျိုးပြောမယ်မထင်ပါ ဘူး။ ညီမလို ပြုမူခံရတဲ့ အမျိုးသ မီးငယ်တွေလည်း ရှိမယ်ထင်ပါ တယ်’’ ဆိုပြီး သူမကပြောပါတယ်။

မသီရိတင်အောင်ရဲ့ မိခင်ကလည်း ယခုကဲ့သို့ အာမခံပေးပြန်လွှတ်ပေးခဲ့ခြင်းအပေါ်

‘‘အန်တီတို့မှာ ငွေကြေးအ ဆင်ပြေမှုတွေမရှိပါဘူး။ အခုလို အမှုက ပုဒ်မပြောင်းလိုက်တော့ အရမ်းခံစားရတယ်။ သမီးကို လည်း သုံးနှစ်လောက် အစာဝ အောင်မကျွေးဘူး။ အခန်းတွေမှာ ပိတ်လှောင်ထားတယ်။ ဒီလိုလူ မျိုးကို အာမခံပေးပြီး လွှတ်လိုက် တယ်။ ငွေများတရားနိုင်တဲ့ခေတ် ရောက်နေပြီလားလို့ မေးချင်မိပါ တယ်’’ လို့ ဆိုပါတယ်။

အာမခံပေးခဲ့တဲ့ ရာအရာရှိကတော့ အာမခံပေးခဲ့ခြင်းနဲ့ ပတ်သတ်ပြီး

"ခရိုင်ဥပဒေအကြံပေးက ပြောင်းလဲသတ်မှတ်လိုက်တာပါ။ ကျွန်တော်တို့ကတော့ အခုပုဒ်မနဲ့ တရားစွဲမယ်ဆိုရင်လည်း ကူညီ ပေးမယ်လို့ ပြောထားပါတယ်။ ကာယကံရှင်ကိုယ်တိုင်လည်း တ ရားရုံးကို ဦးတိုက်လျှောက်ပြီး တရားစွဲလို့ရပါတယ်’’ လို့ ဆိုပါတယ်။

ယခုလက်တလောမှာတော့ ဒီအမှုဟာ လူထုစိတ်ဝင်စားဆုံးအမှုတစ်ခုဖြစ်နေပြီး တရားစီရင်မှုဟာ မျှတမှုမရှိဘူးဆိုတဲ့ ဝေဖန်သံတွေလည်း ထွက်ပေါ်လျက် ရှိနေပါတယ်။

Source: 7Day News

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။