ပရိတ်သတ်ကြီးရေ ..ဒီတစ်ခေါက်မှာတော့ အသက်ကြီးပိုင်းတွေကော အသက်ငယ်ပိုင်းတွေ အတွက်ပါ အသုံးဝင်မယ့် အိမ်တွင်းဆေးဖက်ဝင် ဥတစ်မျိုးတစ်အကြောင်းကိုပြောပြပေးမှာပါ။ စိတ်ဖိစီးမှုအမျိုးမျိုးကြောင့်ပဲ အသက်အရွယ်ကြောင့်ဖြစ်ဖြစ် လူတိုင်းတန်ဖိုးထားမြတ်နိုးရတဲ့ ဆံသားတွေကို ဆုံးရှုံးရတတ်ပါတယ်။ လူတိုင်းနီးပါး ဆံပင်ကျွတ်ခြင်း ဝေဒနာကို ခံစားဖူးကြပြီး နောက်ဆုံး ဆံပင်တွေအကုန်ဆုံးရှုံးရတဲ့ အထိဖြစ်နိုင်ပါတယ်။ ဒါတွေကိုမဖြစ်ရအောင် ပိုက်ဆံသိပ်မကုန်တဲ့ မီးဖိုချောင်အတွက မရှိမဖြစ်အသုံးပြုတဲ့ ကြက်သွန်နီနဲ့ ကုသနိုင်တယ်ဆိုတာ သိပြီးကြပြီလား ပရိတ်သတ်ကြီးရေ..။

ကြက်သွန်နီမှာဆိုရင် ရောဂါပိုးမွှားတွေကို သေစေနိုင်ရုံသာမက မှိုကြောင့်ဖြစ်တတ်တဲ့ ရောဂါတွေကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ကြည်သွန်နီက ဆံသားတွေအတွက်တော့ တကယ့်ကို ကောင်းမွန်တဲ့ အားဖြည့်ဆေးပါပဲ။ ကြက်သွန်နီကို ဘယ်လိုအသုံးပြုရမယ်ဆိုတာ မပြောပြခင် သူရဲ့ ကောင်ကျိုးလေးတွေကို ပထမဦးစွာပြောပြချင်ပါတယ်။

(၁) ကြက်သွန်နီမှာဆိုရင် ဆံသားအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ထိန်းသိမ်းထားနိုင်ပါတယ်။

(၂) သူ့မှာ Sulphur ပါဝင်တာကြောင့် ဆံပင်ကျွတ်ခြင်းနဲ့ ဆံသားပါးလွှာခြင်းကို အထိရောက်ဆုံးကာကွယ်နိုင်ပါတယ်။

(၃) ရောဂါပိုးမွှားတွေကို အကောင်းဆုံးကာကွယ်ပေးနိုင်တာကြောင့် ဆံသားတွေကိုပျက်စီးစေမယ့် ပိုးမွှားတွေကို တားဆီးပေးနိုင်ပါတယ်။

(၄) ကြက်သွန်နီဟာ ဆံသားတွေကို နက်မှောင်စေတဲ့အပြင် ဆံပင်စောစောအဖြူအောင် လည်း ထိန်းပေးထားနိုင်ပါတယ်။

(၅) လေ့လာတွေ့ရှိချက်တွေအရ ကြက်သွန်နီဟာ လည်ပင်း နဲ့ ဦးခေါင်းကင်ဆာတို့ကို မဖြစ်ပွားအောင်ကာကွယ်ပေါ်နိုင်ပါတယ်။

(၆) နောက်တစ်ချက်ကတော့ သွေးလည်ပတ်မှုအားကို အထူးကောင်းမွန်စေတာကြောင့် ဆံသားကို မြန်ဆန်စွာ ကျန်းမာစေပါတယ်။

အသုံးပြုပုံ

- ပထမဦးစွာ ကြက်သွန်နီတစ်လုံးကို.ယူပြီး လေးစိပ် စိပ်ပေးရပါမယ်။ ပြီးရင်တော့ ရေအနည်းငယ်ရောပြီးကြိတ်စက်နဲ့ ကြိတ်ပေးရပါမယ်။ ပြီးတော့တော့ အဝတ်သန့်သန့်လေးတစ်ခုနဲ့ အရည်သပ်သပ် အဖတ်သပ်သပ် ခွဲထုတ်လိုက်ပါမယ်။ ကြက်သွန်နီ ဖျော်ရည်ကို ရပါပြီ။

- ပြီးရင်တော့ ရထားတဲ့ ကြက်သွန်နီ ဖျော်ရည်ကို လက်ချောင်းလေးနဲ့ ယူပြီး ဦးခေါင်းမှာ ညင်သာစွာလိမ်းပေးရပါမယ်။ လိမ်းနေရင်နဲ့ ဦးရေပြားထဲ စိမ့်ဝင်နေအောင် နှိပ်ပေးရပါမယ်။ ပြီးရင်တော့ တစ်နာရီလောက်ထားပြီး အနံ့သင်းသင်းလေးရှိတဲ့ ခေါင်းလျှော်ရည်ကို အသုံးပြုပြီး ခေါင်းလျှော်လိုက်ရုံပါပဲ။ယခုနည်းလေးကို ပုံမှန် တပတ် တစ်ခါ လုပ်ပေးသွားမယ်ဆိုရင် ၂လအတွင်းမှာ ထူးခြားမှုတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ကျန်းမာလှပ ပျော်ရွှင်တဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေ.. ပရိတ်သတ်ကြီးရေ..။

Source:Rewardme

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။