အိမ်အကူမိန်းကလေးနှစ်ယောက်ကို တုတ်နဲ ့ရိုက် သံချောင်းမီးဖုတ်ထိုး၍ ညှင်းပန်းနှိပ်စက်သောဆွေညီနောင်စတိုးမှ ဆိုင်ရှင်အား ဒုရဲအုပ်မှ တရားလိုပြုလုပ်အမှုဖွင့်အရေးယူ

ထိုဖြစ်စဉ်မှာ ဆွေညီနောင်စတိုးဆိုင်တွင် အနှိပ်စက်ခံ ဆိုင်အကူ မိန်းကလေးနှစ်ဦးဖြစ်သူ ထက်ထက်ဇော် ၁၂ နှစ် တောင်တွင်းကြီး နှင့် မေသဇင် ၁၀ နှစ်

ကျိုက်လတ်နေသူတို ့အား မျက်နှာ နဖူး ဖူးရောင် ခန္ဓာကိုယ် တုတ်နဲ ့ရိုက်ပြီး သံချောင်း မီးဖုတ်ထိုး ဒဏ်ရာများဖြင့် တွေ ့ရှိခဲ့သောကြောင့် ဆိုင်ရှင် မဖြူဖြူထွန်း (ခ) မငယ် အသက် ၄၀ အဘ ဦးဒါဝတ် အမိ ဒေါ်ဖာထမာ တိုက်အမှတ် ဌ-A/8 အဆောင် ၄ မုံရွာလမ်းနေသူအား မင်္ဂလာဒုံမြို ့မ ရဲစခန်းတွင် ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ပါသည်။ ဒုရဲအုပ် ဟန်ကိုိဦးမှ တရားလိုပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

နှိပ်စက်ခံရသော ကလေးနှစ်ယောက်အတွက် အင်းစိန်ဆေးရုံတွင် ဆေးစစ်ချက်သွားယူရာ ဆေးရုံတွင် ဆေးရုံတင်ကုသဖို ့လိုအပ်သည်ဖြစ်သောကြောင့်

ဆေးရုံတင်ရန် ယနေ ့တွင် စခန်းနှင့် ဝိုင်းကူသူဆိုင်နီးချင်းများမှ စီစဉ်နေပြီဖြစ်ကြောင်းသိရှိုရပါသည်။

ယခုလောလောဆယ်တွင် အနီးဆိုင်မှ ခေတ္တစောင့်ရှောက်ထားပြီး ဆေးရုံတင်ရန် ကြိုးစားမည်ဖြစ်ပါသည်။

ဆေးရုံတင်သည့်အခါ လူနာစောင့်နှင့် ဆေးဖိုး ကုန်ကျစရိတ်များရှိနေသောကြောင့် ဘေးမှ ကူညီသူများမှလည်း ထပ်မံကူညီမည်ဖြစ်ပြီး အမျိုးသားရေး

အင်အားစုများမှလည်း ငွေအား လူအားများ ကူညီပေးကြပါရန် မေတ္တာရပ်ခံထားကြောင်းလည်းသိရှိရပါသည်။

တင့်လွင်   ၀၉၄၄၄၀၇၁၉၆၉

Source : Local Media

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။