ဒီဇင်ဘာလ ၁၆ရက်နေ့ မကြာသေးမီကထိုးသတ်ခဲ့တဲ့ ဒေဝနဲ့ ထွန်းထွန်းမင်းတို့ပွဲစဉ်မတိုင်မီထိုးသတ်ခဲ့တဲ့ ထွန်းမင်းလက်နဲ့ တိုခဲရှီတို့ရဲ့ ပွဲစဉ်ကိုတော့အားလုံးလည်း ကြည့်မိကြမယ်ထင်ပါတယ်။ ထွန်းထွန်းမင်းရဲ့ ညီဖြစ်တဲ့ ထွန်းမင်းလက်ကို အလဲထိုးအနိုင်ယူခဲ့ပြီး မြန်မာ့လက်ဝှေ့လောကမှာ အကောင်းဆုံးဂျပန်ဖိုက်တာတစ်ဦးဖြစ် ရပ်တည်နိုင်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။  

ဂျပန်နိုင်ငံသားမြန်မာ့လက်ဝှေ့ဖိုက်တာ တိုခဲရှီကတော့ ပြည်တွင်းမြန်မာ့လက်ဝှေ့အကျော်အမော်များစွာကို အနိုင်ယူထားနိုင်ခဲ့သူတစ်ယောက်ဖြစ်ပြီး မြန်မာ - ဂျပန်လက်ဝှေ့လောကရဲ့ ရေပန်စားဖိုက်တာတစ်ဦးပဲဖြစ်ပါတယ်။ တိုခဲရှီကတော့ လက်ဝှေ့ထိုးသတ်မှုမှရရှိတဲ့ ငွေကြေးအချို့ကို အမြဲလိုလိုလှူဒါန်းတက်ပြီး ဒီဇင်ဘာ ၁၆ရက်နေ့ ထွန်းမင်းလက်နဲ့ နိုင်ပွဲအပြီးမှာလည်း ပြည်တွင်း အခြေပညာကျောင်းအချို့ကို ကျောင်းသုံးပစ္စည်းတွေနဲ့ ငွေကြေားအချို့ကို ကိုယ်တိုင်သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရပါတယ်။  

မြန်မာ့ပညာရေးကျောင်းများစွာထဲမှာ ဆင်းရဲတဲ့ကျောင်းအချို့ကိုရွေးချယ်လှူဒါန်းပေးခဲ့တာဖြစ်ပြီး နိုင်ပွဲအထိမ်းအထိန်းအမှတ်တစ်ခုကို စိုက်ထူပေးခဲ့တာပဲဖြစ်ပါတယ်။ ဇနီးသည်နှင့်အတူ သမီးတစ်ယောက် သားတစ်ယောက်ရှိတဲ့ ဂျပန်နိုင်ငံသားမြန်မာ့လက်ဝှေ့ချန်ပီယံ တိုခဲရှီရဲ့ ပြည်တွင်းအလှူလေးကို ကြည်နူးစွာမျှဝေပေးလိုက်ပါတယ်။

Photos - အလင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။