ဝမ်းနည်းကြေကွဲစရာ မျောက်မကြီးနဲ့မျောက်ကလေးရဲ့ သနားစရာအဖြစ်အပျက်လေးတစ်ခုပါ။

အိန္ဒိယနိုင်ငံ တောင်ပိုင်းက လမ်းမပေါ်မှာ ပြီးခဲ့တဲ့ သောကြာနေ့က မိခင်မျောက်မကြီးတစ်ကောင် လမ်းဖြတ်ကူးရင်း ကားတိုက်ခံခဲ့ရပါတယ်။

အဲ့ဒီ အသက်မဲ့သွားတဲ့ မိခင်မျောက်မကြီးရဲ့ ခန္ဓာကိုယ်ဘေးမှာ မျောက်သားငယ်လေးတစ်ကောင်ကတော့ သူ့မိခင်ပြန်ထလာနိုးနိုးနဲ့ ဖက်လဲတကင်း ငိုကြွေးအော်ငိုနေရှာပါတယ်။

တကယ်တော့ လူနဲ့ အသွင်သဏ္ဍန်အတူဆုံးဖြစ်တဲ့ မျောက်ဆိုတဲ့ သတ္တဝါဟာ စကားမပြောနိုင်ပေမယ့် လူတစ်ယောက်နီးပါး အသိဉာဏ်အနည်းငယ်တော့ ရှိတတ်ကြပါတယ်။

သနားစရာကောင်းတဲ့ မျောက်ကလေးရဲ့ အဖြစ် ကို လမ်းသွားလမ်းလာတွေလည်း မြင်တွေ့ကာ စိတ်မကောင်းဖြစ်ခဲ့ကြတယ်လို့ metro သတင်းဌာနက ဖော်ပြထားပါတယ်။

ဝမ်းနည်းကြေကွဲဖွယ်ရာ ဒီမြင်ကွင်းကို တွေ့ခဲ့ရတဲ့ မျက်မြင်သက်သေတစ်ဦးဖြစ်သူ K Saravanan ကတော့ “ကိုယ်ချစ်တဲ့သူတွေကို ဆုံးရှုံးလို့နာကျင်ရတဲ့အခိုက်တန့်က လူတွေမှာပဲ ရှိတာမဟုတ်ပါဘူး ၊ တိရစ္ဆာန်လေးတွေလည်း နာကျင်ခံစားရပါတယ်။

အသက်မဲ့မျောက်မကြီးဘေးမှာ ဖက်လဲတကင်းငိုနေရှာတဲ့ မျောက်ကလေးရဲ့ အဖြစ်ကို ကြုံတွေ့ခဲ့ရတယ်” ဆိုပြီး Times of India ကို ပြောခဲ့ပါတယ်။   

အဲ့ဒီနောက်မှာတော့ မျောက်မကြီးကို ရဲတွေက သယ်ဆောင်သွားတဲ့ လမ်းမတစ်လျှောက် မျောက်ကလေးက သစ်ပင်တစ်ပင်ကနေ တစ်ပင်ကူးပြီးလိုက်ခဲ့တယ်လို့ G Sathyanarayanan ဆိုသူက ပြောခဲ့ပါတယ် ။

ဒါ့အပြင် ရွာသူရွာသားတွေက မျောက်မကြီးအတွက် နောက်ဆုံးစျာပန ကို လုပ်ပေးနေချိန်မှာ မျောက်ကလေးဟာ အဝေးကသစ်ပင်တစ်ပင်ကနေ မိခင်ကို စိတ်မကောင်းစွာပဲ လှမ်းကြည့်နေခဲ့ပါတယ်။

စိတ်မချမ်းမြေ့ဖွယ်ရာများ ပါနေတဲ့အတွက် ဗီဒီယိုကိုတော့ ဖော်မပြတော့ပါဘူး ပရိသတ်ကြီးရေ။ 

သတင်းအရင်းမြစ် metro.uk

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။