နိုင်ငံတကာမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ပါဝင်တဲ့ အချိုရည်တွေဟာ ကမ္ဘာဈေးကွက်မှာ နေရာယူလာပြီး လူတော်တော်များများကလည်း ကြိုက်နှစ်သက်ကြပါတယ်။ ယခုဈေးကွက်မှာလူကြိုက်များနေတဲ့ အချိုရည်တွေမှာဆိုရင် ကာဗွန်အောက်ဆိုဒ် gas တစ်မျိုးပါဝင်ပြီး အရသာကောင်းပေမဲ့ လူခန္ဓာကိုယ်နဲ့ ကျန်းမာရေးအတွက်တော့ အာဟာရဓာတ်ပေးနိုင်တဲ့ အရာတစ်ခု မဟုတ်ပါဘူး..။ Gas ပါတဲ့ အချိုရည်တွေကိုသောက်ခြင်းကြောင့် ဘယ်လို ဆိုးကျိုးတွေဖြစ်လာနိုင်တယ်ဆိုတာကို ပရိတ်သတ်တွေ အတွက် ယနေ့ ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။


- ကာဗွန်ဒိုင်အောက်ဆိုဒ် gas တွေပျော်ဝင်နေတဲ့ အချိုရည်တွေက သင်ရဲ့ အစာအိမ်ထဲကိုရောက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ အပူချိန်မှာ တဖြည်းဖြည်းနဲ့ ပူနွေးလာပါတယ်။ ပြီးတဲ့နောက်မှာ အစာအိမ်ထဲမှာ၇ှိတဲ့ အစားတွေနဲ့ အက်စစ်တွေ က ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်တွေနဲ့ ရောသွားပြီး ဆိုးရွားတဲ့ လေချဉ်တက်တာကို ဖြစ်ပေါ်စေပါတယ်။ ခံတွင်းထဲကနေ ချဉ်တဲ့ အနံဆိုးတွေလည်း ရရှိနိုင်ပါတယ်။

- sugar ဓာတ်ပါဝင်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ပါဝင်တဲ့ အချိုရည်တွေကို သောက်ခြင်းက အဝလွန်ခြင်းရောဂါကို ဆိုးရွားစွာဖြစ်ပေါ်စေနိုင်ပါတယ်။ အဝလွန်ခြင်းဖြစ်ပြီး ဆိုလျှင်နောက်ဆက်တွဲဆိုးကျိုးတေါ အနေနဲ့ ဆီးချိုရောဂါ၊ နှလုံးရောဂါတို့ကိုလည်း ခံစားရနိုင်ပါတယ်။

- လေ့လာတွေ့ရှိချက်တွေအရ Gas ပါတဲ့ အချိုရည်တွေကို သောက်သုံးတဲ့ သူအများစုဟာ သာမန်လူတွေထက် အာဟာရချို့ယွင်းမှုကို ဖြစ်ပွားစေနိုင်ပါတယ်။ Carbonated အချိုရည်တွေက သင်ခန္ဓာကိုယ်မှာရှိတဲ့ Protein ဓာတ်၊ ကစီ ဓာတ်၊ ဗီတာမင် B-2 စတဲ့ ဓာတ်တွေကို ပျက်ပြားစေနိုင်တာကြောင့် ခုခံအားနည်းပြီး အားအင်တွေကို လည်း အလွယ်တကူဆုံးရှုံးစေနိုင်ပါတယ်။

- နောက်တစ်ချက်ကတော့ သင့်ရဲ့ ပါးစပ်ထဲမှာ အချိုဓာတ်တွေကို စားသုံးတဲ့ ဘက်တီးရီးယား ပိုးမွှားတွေမာျးစွာရှိပါတယ်။ Carbonated အချိုရည်တွေမှာ သကြားဓာတ်ပါဝင်တာကြောင့် သင့်ရဲ့ ခိုင်မာတဲ့ သွားတွေကို ဆုံးရှုံးစေနိုင်ပါတယ်။ အစပိုင်းမှာ မသိသာပေမဲ့ နောက်ပိုင်း သင့်ရဲ့ သွားတွေကို တဖြည်းဖြည်းတိုက်စားသွားပြီး ခိုင်ခံ့တဲ့ သွားတွေကို ဆုံးရှုံးစေနိုင်ပါတယ်။

- နောက်ဆုံးတစ်ချက်ကတော့ အမျိုးသမီးတွေ အတွက် အရမ်းကို အရေးကြီးပါတယ်။ အမျိုးသမီးတွေမှာဆိုရင် အမျိုးသားတွေထက် အရိုးပွရောဂါကို ပိုပြီး ခံစားရဖို့ အတွက် ရာခိုင်နှုန်းပိုများတာကို ပရိတ်သတ်ကြီးလည်း သိမှာပါ။ အကယ်၍သင်က carbonated အချိုရည်တွေကို ကြိုက်တဲ့ အမျိုးသမီးတစ်ယောက်ဆိုရင်တာ့ ဒီအချက်ကို သိထားဖို့လိုပါတယ်။ Carbonated အချိုရည်တွေကို သောက်သုံးခြင်းကြောင့် အရိုးအဆစ်တွေရဲ့ တောင့်တင်းခိုင်မာမှုတွေကို လျော့ကျစေနိုင်ပါတယ်။ ဒါဟာလည်း လေ့လာတွေ့၇ှိချက်တွေအရ အမျိုးသားတွေ ထက်ပိုပြီး အမျိုးသမီးတွေမှာ သက်ရောက်မှု ပိုများပါတယ်။

ဒါကြောင့် gas ပါဝင်တဲ့ အချိုရည်တွေအစား သစ်သီးဖျော်ရည်တွေကို သောက်သုံးပေးခြင်းက သင့်အတွက် ကျန်းမာရေးအတွက် ပိုပြီး သင့်လျော်တာဖြစ်လို့ အသီးဖျော်ရည်လေးတွေကို ပြောင်းလဲ သောက်သုံးကြည့်ဖို့ အကြံပြုချင်ပါတယ်။ ကျန်းမာပျော်ရွှင်တဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေနော်။

Source:livestrong.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။