ပြည်တွင်း အမြဲလိုလိုကြားနေရတဲ့ သတင်းတွေထဲမှာ ယာဉ်တိုက်မှုတွေကတော့ များစွာပါဝင်နေတာအားလုံးလည်း သိကြမယ်ထင်ပါတယ်။ ယာဉ်မောင်းသူများရဲ့ စည်းကမ်းမဲ့မောင်းနှင်မှုတွေနဲ့အတူ သဘာဝဘေးအန္တရယ်တွေကြောင့် တိမ်းမှောက်မှုပိုမိုများပြားနေပြီး သေကြေဒဏ်ရာရရှိမှုတွေကတော့ မရေမတွက်နိုင်အောင်များပြားလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ယာဉ်တိမ်းတိုက်မှုတွေထဲမှာ ဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုကတော့ ဒီကနေ့မှာဖြစ်ပွားခဲ့တာတွေ့ရပါတယ်။   

အဆိုပါဖြစ်စဉ်ကတော့ မော်လမြိုင်နှင့် မုဒုံသွားလမ်းမကြီးရှိ ဟေဝန်နန်း ထမ်းဆိုင်ရှေ့ အမှတ် ၆ ပညာရေးနှင့် လေ့ကျင့်ရေးတပ်အနီး အမှတ်(၈) လိုင်းကားနှင့် ဖရဲသီးတင်ဆောင်လာသော ကားနှစ်စီးတိုက်မှုဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ ၎င်းဖြစ်စဉ်ကတော့ ဒီဇင်ဘာလ ၁၉ရက်နေ့ ဒီကနေ့ မနက်ပိုင်းလောက်ကဖြစ်ပွားခဲ့တာဖြစ်ပြီး ပြင်းပြင်းထန်ထန်မျက်နှာချင်းဆိုင်တိုက်မိခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရရှိသူများနှင့် ဆုံးရှုံးမှုများစွာရှိခဲ့ကြောင်း သိရပါတယ်။  

ယာဉ်တိုက်မှုဖြစ်ပွားရာနေရာသို့ မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ ဘိုဘိုဝင်း လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် ဖားအောက်လူမှုကယ်ဆယ်ရေးအဖွဲ့တို့မှ ရောက်ရှိခဲ့ပြီး ကားခေါင်းခန်းတွင်ညှပ်နေသော လူနာအားဆွဲထုတ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။ ဒါအပြင် လက်ကျိုး ခြေထောက်ကျိုး ရင်ဘတ်အောင့် ပွန်းပဲ့ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် လူနာ ၂ဦးအား ကနဦးပြုစုမှုများဆောင်ရွက်ပေးခဲ့ပြီး မော်လမြိုင် Rescue အဖွဲ့နှင့် ဘိုဘိုဝင်း Rescue အဖွဲ့ အရေးပေါ်ကားတို့ဖြင့် ဆေးရုံကြီးသို့ ပို့ဆောင် ကူညီပေးခဲ့ကြောင်း သိရပါတယ်။ ဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့တဲ့ ဒီကနေ့ ယာဉ်တိုက်မှုပုံရိပ်လေးတွေကို မျှဝေပေးရင်း ယာဉ်မောင်းညီအကိုများလည်း သတိပြုမောင်းနှင်ကြဖို့ သတိပေးနှိုးဆော်လိုက်ပါတယ်။

Photos - Moe Thet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။