ယနေ့ မတ်လ 13 ရက်နေ့ည 20 နာရီ 49 မိနစ် 06 စက္ကန့် အချိန်မှာ ရစ်ချက်တာ စကေး 5.8 အင်အားရှိတဲ့ ငလျင် တစ်ခု လှုပ်ခတ်သွားပါတယ် ။ တိုက်ကြီး မြို့၏အနောက်- အနောက်တောင်ဘက် 5 မိုင်ခန့်အကွာကို ဗဟိုပြုလှုပ်ခတ်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ကသတင်းထုတ်ပြန်ခဲ့ပါတယ် ...

တိုက်ကြီးမြို့နားဗဟိုပြုတဲ့အတွက် ငလျင်ဒဏ်ကိုတိုက်ကြီးမြို့က အပြင်းထန်ဆုံးခံစားလိုက်ရပြီး  အပျက်အဆီးများရှိခဲ့ပါတယ် ... တိုက်ကြီးမှရရှိသောသတင်းများအရ ငလျင် 4 ကြိမ်တိတိ လှုပ်ခဲ့ပြီး ဘုန်းကြီးကျောင်းများ နေအိမ်များ လျှပ်စစ်မီးတိုင်များ ပျက်ဆီးမှုများရှိခဲ့ကာ လျှပ်စစ်မီးလဲပြတ်တောက်သွားခဲ့ပါတယ် ။ ငလျင်ကြောင့်ထိခိုက်ဒဏ်ရရသူများအပြင်သေဆုံးသူများပါရှိခဲ့တယ်လို့သိရှိရပါတယ် ...

Source : Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။